တောင်ကိုရီးယား မင်းသမီးကြီး Choi Eun-hee ဟာဆိုရင် မြောက်ကိုရီးယားနိုင်ငံက ပြန်ပေးဆွဲရလောက်တဲ့အထိ သြဇာကြီးမားခဲ့တဲ့ သရုပ်ဆောင်ကြီး ဖြစ်ပါတယ်။ Choi Eun-hee ဟာ ၁၉၇၀ ခုနှစ်တုန်းက တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ထိပ်တန်း မင်းသမီးကြီးဖြစ်ပြီး သူမကို ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့အတွက် မြောက်ကိုရီးယားနိုင်ငံက ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။

Google
Google

သူမရဲ့ ခင်ပွန်းဖြစ်သူ ရုပ်ရှင်ဒါရိုက်တာဟာလည်း လအနည်းငယ် ကြာပြီးနောက်မှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ ဒီဖြစ်ရပ်ကို ပြန်ပေးဆွဲတယ်လို့ ငြင်းဆန်ထားပြီး Sanction သဘောအရ ထိန်းသိမ်းထားခြင်းသာ ဖြစ်တယ်လို့ သုံးနှုန်းထားပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ မင်းသမီးကြီး Choi Eun-hee နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ Shin Sang-ok တို့ ကွာရှင်းခဲ့ပြီး မင်းသမီးကြီး Choi Eun-hee လည်း နာမည်ကျဆင်းခဲ့ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသမီးကြီး Choi Eun-hee ဟာ ၁၉၂၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်မှာ သရုပ်ဆောင်လောကထဲမှာ စတင် အခြေချခဲ့တာဖြစ်ပါတယ်။ မင်းသမီးကြီး Choi Eun-hee ဟာ အသက် ၉၁ နှစ် အရွယ်မှာ ကျောက်ကပ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

Google
Google

မြောက်ကိုရီးယား နိုင်ငံမှာတောင် ရုပ်ရှင်ရိုက်ကူးဖို့ ပြန်ပေးဆွဲခြင်းခံခဲ့ရတဲ့ မင်းသမီးကြီး Choi Eun-hee နဲ့ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ Shin Sang-ok တို့ အကြောင်းကို စိတ်ဝင်စားဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။