အဆိုတော် ချမ်းချမ်းဟာဆိုရင် အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းကောင်းတွေကို သီဆိုလေ့ရှိတဲ့သူဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ချမ်းချမ်းဟာ လက်ရှိမှာ ခင်ပွန်းဖြစ်သူ ၊ ချစ်စရာ သမီးလေးနဲ့တို့နဲ့အတူ အီတလီနိုင်ငံမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။ ချမ်းချမ်းရဲ့ သမီးငယ်လေး က အဖေတူ သမီးလေးဖြစ်ပြီး ရယ်လိုက်ရင် အရမ်းကို ချစ်ဖို့ကောင်းပါတယ်။

Chan Chan's Facebook
Chan Chan's Facebook
Chan Chan's Facebook

ချမ်းချမ်းက သူမရဲ့ သမီးလေးကို တုန်နေအောင်ချစ်ပြီး သမီးငယ်လေးရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်ပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း အဆိုတော် ချမ်းချမ်းက သူမရဲ့ သမီး Pilar လေး နေမကောင်းဖြစ်နေ အကြောင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်ကနေတစ်ဆင့် ပရိသတ်တွေဆီကို အခုလိုလေး အသိပေးလာခဲ့ပါတယ်။

Chan Chan's Facebook

“နှစ်ယောက်လုံးဖျားကြတာ။ သမီးလေးက အရင်စ ဖျားတယ် ခရီးက ပြန်လာပီး ပူလိုက်အေးလိုက်နဲ့မို့ လားမသိ။ ဒီမှာ တုတ်ကွေးတော်တော်များများဖြစ်ကြတယ်။ မိုးသီးတွေလဲ ကျန်တဲ့တပတ်က ကြွေတယ်။ ကိုယ်ကတော့ အမေမို့လားမသိ အနီးကပ်ပြုစုပေးရင်းနဲ့ အဖျားကူးခဲ့တာ တအားပင်ပန်းတာပဲ။ အပြုံးမပျက်က် သမီးလေးတွေ အတွက်”

Chan Chan's Facebook
Chan Chan's Facebook

အခုနောက်ပိုင်း ရာသီဥတု အပြောင်းအလဲမှာ ဖျားတဲ့သူတွေ ပိုပြီး များလာတာကြောင့် Pilar လေးလည်း ဖျားနေခဲ့တာဖြစ်ပါတယ်။ မေမေချမ်းချမ်းက Pilar လေးကို အနီးကပ်ပြုစုရင်းနဲ့ ဖျားခဲ့တာဆိုတော့ Pilar လေးအတွက် တော်သေးတယ် ပြောရမှာပါ။  မေမေချမ်းချမ်းရော မီးမီးလေ Pilar လေးရော အမြန်ဆုံး နေကောင်း ကျန်းမာ ကြပါစေနော် ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။