တောင်ကိုရီးယား နာမည်ကြီး အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့ဝင် Rosé ရဲ့ ခန္ဓာကိုယ် အချိုးအစားပုံစံ ဟာ ပရိသတ်တွေကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပါတယ်။ Rosé ရဲ့ လှပလွန်းတဲ့ ခန္ဓာကိုယ် အချိုးအစား ပုံစံဟာ ပရိသတ်တွေရဲ့ နှလုံးသားကို ကိုင်လှုပ်ပစ်နိုင်ခဲ့ပါတယ်။

Google

အရုပ်မလေးနဲ့ တူတဲ့ Rosé ရဲ့ ခန္ဓာကိုယ် အချိုးအစားပုံစံဟာ ၁၆၈.၇ စင်တီမီတာ အရပ်ရှိပြီး ၊ အလေးချိန်က ၄၄ ကီလိုဂရမ်ရှိပါတယ်။ သူမရဲ့ သေးသွယ်လွန်းလှတဲ့ ခါးအချိုးအစားလေးက ၂၄ လက်မ သာရှိပြီး ဝတဲ့သူတစ်ယောက်ရဲ့ ပေါင်တစ်လုံးစာ အရွယ်လေးပဲ ရှိတာကြောင့် ပရိသတ်တွေက များစွာ အံ့သြနေကြပါတယ်။

Google
Google

ခန္ဓာကိုယ်အချိုးအစားက သေးသွယ်ပြီး လှရုံသာမက ဖက်ရှင်ဘုရင်မ တစ်ယောက်လည်း ဖြစ်တဲ့ Rosé ဟာ အသံလည်း အရမ်းကောင်းတဲ့သူဖြစ်ပါတယ်။ နတ်ဘုရားမလေး တစ်ယောက်လိုမျိုး ကောင်းမွန်လွန်းလှတဲ့ စွမ်းရည်တွေကိုသာ ပိုင်ဆိုင်ထားတဲ့ Rosé တစ်ယောက် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတာဟာ တကယ်ကို မထူးဆန်းတော့ပါဘူးနော် ။

Google
Google
Google

အချင်းရော အဆင်းပါ ဟာကွက်မရှိလောက်အောင် ပြည့်စုံလွန်းတဲ့ Blackpink အဖွဲ့ဝင် မနှင်းဆီလေး အကြောင်းကို မနှင်းဆီရဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။