တောင်ကိုရီးယားမင်းသား Go Soo ဟာဆိုရင် ၁၉၇၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး အသက် ၂၀ အရွယ်ကတည်းက အနုပညာလမ်းကြောင်းထက်ဆီကို ရောက်ရှိနေတဲ့သူဖြစ်ပါတယ်။ နတ်ဘုရားတစ်ပါးလိုမျိုး ချောမောခန့်ညားလွန်းတဲ့ ပုံရိပ်ကြောင့် ပွဲဦးထွက်မှာကတည်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိထားတဲ့ Go Soo ဟာ လက်ရှိ အချိန်အထိလည်း တောင်ကိုရီးယားမှာ လူကြိုက်အများဆုံး ဖြစ်နေတုန်းပါပဲ။ ၁၉၉၀ ခုနှစ်တွေတုန်းကဆိုရင် Go Soo ရဲ့အောင်မြင်မှုကြီးမားလွန်းလို့ ပရိသတ်တွေက Go Soo ဆံပင်ပုံစံ အထိတောင် လိုက်ပြီးထားကြပါတယ်။

Google

ရုပ်ရည်ချောမောခန့်ညားလွန်းလှတဲ့ Go Soo ဟာ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီးတော့လည်း ပရိသတ်တွေ ဆီကနေ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ Go Soo ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေက “Jump”, “Piano”, “Marrying a Millionaire”, “Will It Snow For Christmas”, “White Night”, နဲ့ “Love 911” စတဲ့ ဇာတ်လမ်းတွဲတွေပဲ ဖြစ်ပါတယ်။

Google

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထုတ်လုပ်သူတွေရဲ့ အဆိုအရ Go Soo က အနေအေးပြီး တည်ငြိမ်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။ အလုပ်ကို အာရုံစိုက်လုပ်တတ်တဲ့သူဖြစ်ပြီး ရိုက်ကွင်းနားချိန်တွေမှာလည်း ဇာတ်ညွှန်းလေး ဖတ်ပြီးသာ အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်ပါတယ်။ အနုပညာလောကမှာရှိနေတဲ့ နှစ်ပေါင်း ၂၀ ကာလမှာလည်း Go Soo က အရှုပ်အရှင်း ကင်းပြီး အရမ်းကို ဖြောင့်မတ်မှန်ကန်တဲ့ သူလို့ သိရပါတယ်။

Google
Google

အသက် ၄၀ ကျော်တဲ့အထိ တောင်ကိုရီးယားရဲ့ အချောဆုံးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ Go Soo ဆီမှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးလည်း ရှိနေပါသေးတယ်။ Go Soo က အနုပညာလောကကမဟုတ်တဲ့ Kim Hye Yeon လို့ခေါ်တဲ့ သူနဲ့ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားလေး ၂ ယောက်နဲ့ သမီးလေး ၁ ယောက်ကို ဖွားမြင်ခဲ့ပါတယ်။

Google
Google
Go Soo's wife ( Google)

လက်ရှိမှာဆိုရင် Go Soo ရဲ့ အသက်က ၄၄ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ အသက် ၄၄ နှစ် ရှိသွားပြီး မိန်းမနဲ့ ကလေး ၃ ယောက်ရှိနေပေမယ့်လည်း Go Soo ရဲ့ ချောမောခန့်ညားမှုတွေက ကျဆင်းသွားခြင်းမရှိဘဲ တောင်ကိုရီးယားနိုင်ငံရဲ့ အချောဆုံး မင်းသားတွေထဲက တစ်ယောက် အဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။