လီဂွမ်ဆူဟာ ရယ်စရာကောင်းတဲ့ အမူအကျင့်တွေကြောင့် နာမည်ကြီးတယ်ဆိုပေမယ့် သူ့မှာ နောက်ထပ် အလွန်ကွဲပြားတဲ့ အသွင်အပြင်ပုံစံလည်းရှိပါသေးတယ်။ ၂၀၁၁ ခုနှစ် နာမည်ကြီး Variety ရှိုးဖြစ်တဲ့ “Running Man” မှာ ပါဝင်ခဲ့ပြီးနောက် ကိုရီးယားနိုင်ငံတွင်းသာမက ပြည်ပကပါ အာရုံစိုက်မှုများစွာကို လီဂွမ်ဆူက ရရှိခဲ့တာဖြစ်ပါတယ်။

“Running Man” မှာ နေ့စဉ်ဘဝနဲ့ လုံးဝကွဲပြားတဲ့ သစ္စာဖောက်တဲ့ အပြုအမူတွေအပြင် ဂွမ်ဆူဟာ သူ့ရဲ့ ကံမကောင်းမှုနဲ့ ရယ်မောစရာ အခိုက်အတန့်တွေကြောင့် လူသိများပါတယ်။ “the Prince of Asia” လို့ နာမည်ရထားတဲ့ လီဂွမ်ဆူဟာ သူ့ရဲ့ ပြောင်မြောက်တဲ့ ဟာသဉာဏ်နဲ့အတူ ကြင်နာတတ်တဲ့ စိတ်ထားတွေ ကြောင့် ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် ကင်မရာရဲ့ နောက်ကွယ်မှာပါ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအစစ်အမှန်က ရှိနေတာကြောင့် လုပ်ဖော်ကိုင်ဖက်များနဲ့ ဝန်ထမ်းများဆီကနေပါ ချီးကျူးမှုများစွာကို ရရှိထားပါတယ်။ လီဂွမ်ဆူ ကို လူကြီးလူကောင်းအစစ်အမှန်လို့ ခေါ်ခြင်းက ချဲ့ကားပြောဆိုခြင်းမဟုတ်ပါဘူး။ ဂွမ်ဆူဟာ လှေကားပေါ် တက် နေတဲ့ Ji Hyo ကို ကာကွယ်ပေးခဲ့ပြီး Park Bo Young ကိုလည်း တည်ငြိမ်အောင်ထိန်းထားပေး ခဲ့ပါသေးတယ်။

ဒါ့အပြင်ရုပ်ရှင်ပွဲမှာ ဂွမ်ဆူ အမှိုက်ရှင်းလင်းပေးခဲ့တဲ့အခိုက်အတန့်ကလည်း လူပြောများလာခဲ့ပါသေးတယ်။ သူဟာ ရိုက်ကူးရေးမှာလည်း ဝန်ထမ်းတွေကို ကောင်းမွန်စွာဆက်ဆံကာ ကူညီပေးခဲ့ပြီး လက်ဆောင် ပစ္စည်းတွေကို လက်ခံမယ့်အစား ၂၀၁၁ ခုနှစ် သူ့မွေးနေ့ပွဲကျင်းပတဲ့အခါမှာ ချို့တဲ့တဲ့ကလေးတွေကို ငွေကြေးနဲ့လက်ဆောင်တွေ လှူဒါန်းခဲ့ပါသေးတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း အရက်မူးနေတဲ့ အမျိုးသားရဲ့ဘေးမှာရှိပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ စုံတွဲတစ်တွဲနဲ့ ဂွမ်ဆူဟာ တွေ့ခဲ့တာကြောင့် သူက ရဲတွေဆီကို ချက်ခြင်းအကြောင်းကြားပြီး ဒဏ်ရာရစုံတွဲရဲ့ဘက်ကနေ သက်သေထွက်ဆိုပေးခဲ့ပါတယ်။ ဒါ့အပြင် စုံတွဲရဲ့အမှုတွဲကို တရားရုံး မှာ တင်တဲ့အခါ လီဂွမ်ဆူက အလုပ်များနေခဲ့ပေမယ့်လည်း အမှုအောင်နိုင်ရေး သေချာစေဖို့အတွက် အချိန်ပေးကာ သက်သေလိုက်ပေးခဲ့ပါတယ်။

သူရဲကောင်းအားလုံးဟာ ဝတ်ရုံမဝတ်ထားကြောင်း ဂွမ်ဆူက အဓိကသက်သေပြနေတာပဲဖြစ်ပါတယ်။

source - kbizoom
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။