တောင်ကိုရီးယားမင်းသမီး Park Ha Sun ဟာဆိုရင် ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ သမီးငယ်လေးနဲ့ ဆော့ကစားနေတဲ့ တစ်နေ့တာ လှုပ်ရှားမှု ဗီဒီယိုလေးကို ဝေမျှပေးလာခဲ့ပါတယ်။ ဗီဒီယိုလေးထဲမှာ မေမေ Park Ha Sun က ကလေးလေးတစ်ယောက်လိုမျိုး ပျော်ရွှင်စွာ ဆော့ကစားနေတာဖြစ်ပါတယ်။ သမီးလေးကတော့ kickboard  လေးစီးရင်း ချော်လဲကျထားတာကြောင့် ဒူးခေါင်းမှာ ဒဏ်ရာလေးတွေနဲ့ ဖြစ်နေပါတယ်။ သမီးငယ်လေးက နေရထိုင်ရတာ အဆင်မပြေဖြစ်နေတာကြောင့် နောက်ပြန်လှဲချတော့မယ့်အချိန်မှာ မေမေ Park Ha-sun က သမီးလေးဆီကို အပြေးလေး သွားခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google

ဒဏ်ရာရနေတဲ့ သမီးလေး စိတ်ပြေဖို့အတွက် ဆပ်ပြာပူဖောင်းလေးတွေ မှုတ်ပြီး ချော့နေပေမယ့်လည်း သမီးလေးထက် မေမေ က ပိုပြီး စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ချစ်ဖို့ကောင်းတဲ့ သားအမိလေးနှစ်ယောက်ရဲ့ ဗီဒီယိုလေးက ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။

Instagram

တောင်ကိုရီးယား မင်းသမီး Park Ha-sun ဟာ မင်းသား Ryu Soo-young နဲ့ လက်ထပ်ခဲ့ပြီး ချစ်စရာ သမီးလေး တစ်ယောက်နဲ့အတူ သာယာပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

Google
Google

လက်ရှိမှာဆိုရင် သမီးလေးက တော်တော်လေးတောင် အရွယ်ရောက်နေပြီပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ သားအမိနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။