အနုပညာရှင်တွေနဲ့ မိတ်ကပ်ဆိုတာ ခွဲလို့မရအောင်ကို ဟန်ချက်ညီလွန်းတဲ့ အရာဖြစ်ပါတယ်။ အနုပညာရှင်တိုင်းလိုလို မိတ်ကပ်လိမ်းလေ့ရှိကြပြီး မိတ်ကပ်ပါမှသာ အနုပညာရှင်တွေက ပိုပြီး ပြည့်စုံကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချို့အနုပညာရှင်တွေကတော့ သဘာဝအတိုင်း ပင်ကိုယ်အလှကိုသာ ပိုပြီး သဘောကျလေ့ရှိကြပါတယ်။

Google

အခုဖော်ပြပေးမယ့် တောင်ကိုရီးယား မင်းသမီး ၇ ယောက်ဟာဆိုရင်လည်း မိတ်ကပ်လုံးဝ မလိမ်းဘဲ ဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်ခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ နာမည်ကြီး တစ်ယောက် အနေနဲ့ မိတ်ကပ်မပါတဲ့ မျက်နှာပုံစံ ကို အရှိအတိုင်း ချပြရတာ လွယ်ကူရိုးရှင်းတဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နာမည်ကြီးတောင်ကိုရီးယား မင်းသမီး တော်တော်များများက သူတို့ရဲ့ မျက်နှာပုံစံ ကို အရှိကို အရှိတိုင်း ချပြပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရယူလေ့ရှိကြပါတယ်။ အဲဒီထဲကမှ မိတ်ကပ်မပါဘဲ သရုပ်ဆောင်နိုင်ကြတဲ့ တောင်ကိုရီးယား မင်းသမီး ၇ ယောက်ကို ဖော်ပြပေးသွားပါမယ်နော်။

1.          “Money Heist: Korea – Joint Economic Area” Lee Joo-bin

Google

တောင်ကိုရီးယားမင်းသမီး Lee Joo-bin ဟာ Money Heist: Korea – Joint Economic Area ဇာတ်လမ်းထဲမှာ စာရင်းပိုင်းနဲ့ပတ်သတ်တဲ့ ဝန်ထမ်းနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Lee Joo-bin ကို Money Heist ဇာတ်လမ်းတွဲထဲမှာ ဒါရိုက်တာက မိတ်ကပ်မလိမ်းဖို့ မှာထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Lee Joo-bin က မိတ်ကပ်ကို ပါးပါးလေးသာ လိမ်းထားတယ်လို့ သိရပါတယ်။ ရိုက်ကူးရေးအပိုင်းက အရမ်းကို ကြမ်းတာကြောင့် ချွေးတွေ ထွက်လာပြီး ပါးပါးလေး လိမ်းထားတဲ့ မိတ်ကပ် ပျက်သွားခဲ့တယ်လို့ သိရပါတယ်။ ဗီဒီယိုထဲမှာ သူမရဲ့ မျက်နှာကို ပရိသတ်တွေ တွေ့မြင်ရတာ အဆင်ပြေနေတဲ့ အကြောင်းအရင်းကလည်း အလင်း အမှောင် ချိန်ညှိထားတာ ကောင်းတာကြောင့်လို့ သိရပါတယ်။ မိတ်ကပ်မပါတဲ့ မျက်နှာကိုတောင် အရမ်းချစ်ပေးပြီး အားပေးနေကြတဲ့ ပရိသတ်ကြီးကိုလည်း Lee Joo-bin က ကျေးဇူးတင်ကြောင်း ဆိုထားပါတယ်။

Google

2.            “My Name” Han So-hee

Google

တောင်ကိုရီးယားမင်းသမီး Han So-hee ဟာဆိုရင်လည်း Netflix ရဲ့ ဒရမ်မာဖြစ်တဲ့ “My Name” ဇာတ်လမ်းထဲမှာ မိတ်ကပ်မလိမ်းထားဘဲ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒရမ်မာထဲမှာ မိတ်ကပ်မလိမ်းဖို့ ဆုံးဖြတ်ချက်ကိုလည်း Han So-hee ကိုယ်တိုင် ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google

ဘာကြောင့်လဲဆိုတော့ “My Name” ထဲမှာ သူမ ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်နေရာ Ji-woo က အပြင်အဆင်မရှိဘဲ ကြမ်းကြမ်းတမ်းတမ်းနေထိုင်တတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာကြောင့် လို့ သိရပါတယ်။  Han So-hee ကိုယ်တိုင်လည်း Ji-woo ဇာတ်ကောင်နေရာကို မျက်နှာပြောင်နဲ့ မြင်စေချင်တာကြောင့် အခုလိုမျိုး ဆုံးဖြတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Google

3. “Architecture 101” Suzy

Google

တောင်ကိုရီးယားနိုင်ငံရဲ့ “Nation’s First love” အဖြစ် တင်စားခြင်းခံထားရတဲ့ Suzy ဟာဆိုရင် စတင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တဲ့ Architecture 101 ဇာတ်လမ်းတွဲထဲမှာ ဘာမိတ်ကပ်မှ မလိမ်းထားဘူးလို့ သိရပါတယ်။ မိတ်ကပ်မလိမ်းဘဲနဲ့တောင် လှနေတဲ့ Suzy ရဲ့ ပုံရိပ်က ပွဲဦးထွက်ထွက်ခြင်းမှာပဲ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့ပါတယ်။ သဘာဝရဲ့ အလှတရားလေးလို့ တင်စားခေါ်ဝေါ် ရလောက်တဲ့အထိ Suzy လေးရဲ့ အလှတရားလေးကလည်း တကယ်ကို အံ့ချီးဖွယ်ရာလေးပဲ ဖြစ်ပါတယ်။

Google

4. “My Mister” IU

Google

တောင်ကိုရီးယား အဆိုတော် သရုပ်တောင် IU ဟာဆိုရင်လည်း tvN ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ My Mister ဇာတ်လမ်းမှာ မိတ်ကပ်လုံးဝ မလိမ်းဘဲနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ IU သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်နေရာ က အချိန်ပိုင်းအလုပ်တွေနဲ့ အရမ်းကို အလုပ်များနေတဲ့ ကောင်မလေးနေရာဖြစ်တာကြောင့် ခက်ခဲတဲ့ ဘဝအခြေအနေနဲ့ လူတစ်ယောက်လိုမျိုး ပုံဖော်ဖို့ မိတ်ကပ်မလိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google

5. “Miss Baek” Han Ji-min

Google

တောင်ကိုရီးယားမင်းသမီး Han Ji-min ဟာဆိုရင်လည်း Miss Baek ဇာတ်လမ်းထဲမှာ မိတ်ကပ်မလိမ်းဘဲ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အသားအရေ မကောင်းတဲ့ ဇာတ်ကောင်ပိုင်းက နေရာက သရုပ်ဆောင်ရတာဖြစ်တာကြောင့် မျက်နှာပိုင်းက အရေးအကြောင်း ပုံစံတွေကို မြင်သာအောင်လုပ်ဖို့ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

Google

6. “Cassiopeia” Seo Hyun-jin

Google

တောင်ကိုရီးယားမင်းသမီး Seo Hyun-jin ဟာဆိုရင်လည်း Cassiopeia ဇာတ်လမ်းတွဲထဲမှာ မိက်ကပ်မပါဘဲ သရုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ် ။မှတ်ဉာဏ်ပျောက်တဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ရတာဖြစ်တာကြောင့် မိတ်ကပ်သွားလိမ်းလိုက်ရင် ထူးဆန်းနေမှာဖြစ်လို့ မိတ်ကပ်မလိမ်းဘဲ သရုပ်ဆောင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google

7. “Tunnel” Bae Doo-na

Google

တောင်ကိုရီးယားမင်းသမီး Bae Doo-na ဟာဆိုရင်လည်း Tunnel ဇာတ်လမ်းတွဲမှာ မိတ်ကပ်မလိမ်းဘဲ သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ဇာတ်ကောင် အမျိုးသမီး နေရာ Se-hyun  နေရာကနေ သရုပ်ဆောင် ရတာဖြစ်တာကြောင့် အပူမျက်နှာ ဖြစ်နေစေဖို့ မိက်ကပ်မလိမ်းခဲ့တာလို့ သိရပါတယ်။

Google
Google

မိက်ကပ်မလိမ်းဘဲနဲ့တောင် ချောမောနေဆဲဖြစ်တဲ့ နာမည်ကြီးတောင်ကိုရီးယား မင်းသမီး ၇ ယောက် အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။