စပိုင်ချစ်သူ ဇာတ်လမ်းတွဲနဲ့ ခိုအားလား မင်းသမီးလို့ လူသိများခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Nam Sang-mi ဟာဆိုရင် တောင်ကိုရီးယားမင်းသား Lee Sang Yoon နဲ့ လမ်းခွဲပြီး သိပ်မကြာခင်မှာပဲ အခြားတစ်ယောက်နဲ့လက်ထပ်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google

Nam Sang-mi  ဟာ ငယ်စဉ်ကတည်းက အနုပညာလှုပ်ရှားမှု လမ်းကြောင်း ထက်ဆီကိုရောက်ရှိနေခဲ့တာဖြစ်ပြီးအရမ်းကို တော်တဲ့ သရုပ်ဆောင်လေး ဖြစ်ပါတယ်။ Nam Sang-mi  ရဲ့ လက်ရှိအသက်ဟာ ၃၈ နှစ်ရှိနေပြီဖြစ်ပါတယ်။ 

Google

Nam Sang-mi ဟာ အနုပညာလောကက မဟုတ်တဲ့ အပြင်လောကကလူနဲ့ လက်ထပ်ခဲ့တာဖြစ်ပေမယ့် သူမ နဲ့တရားဝင် တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့တဲ့သူက မင်းသား Lee Sang-yoon ဖြစ်ပါတယ်။ 

Google
Google

မင်းသား Lee Sang-yoon နဲ့ ၂ နှစ်အကြာတွဲပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ လမ်းခွဲခဲ့တဲ့ Nam Sang-mi ဟာ နောက်ထပ် ၂ နှစ်အကြာ ၂၀၁၅ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Nam Sang-mi ဟာ ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ပြီးနောက် ၂၀၁၅ ခုနှစ်မှာပဲ ချစ်စရာ သမီးလေးကို မွေးဖွားခဲ့ပါတယ်။  

Google
Google

လက်ရှိမှာဆိုရင် Nam Sang-mi ရဲ့ သမီးလေးက အသက် ၆ နှစ်အရွယ်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။ Nam Sang-mi က ပုဂ္ဂိုလ်ရေးနဲ့ ပတ်သတ်ပြီး အရမ်းကို သိုသိုသိပ်သိပ် နေတတ်တဲ့ သူဖြစ်တာကြောင့် သူမ သမီးလေးနဲ့ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်လေးတွေကို ဖော်ပြလေ့မရှိပါဘူး။ 

Google

ဆိုရှယ်မီဒီယာကို  အရမ်းအသုံးပြုလေ့ မရှိတာကြောင့်လူသိပ်မသိကြပေမယ့် Nam Sang-mi ရဲ့ အိမ်ထောင်ရေးလေးက အဆင်ပြေပြီး ပြီးပြည့်စုံနေမှာပါလို့ ပရိသတ်တွေ က ခန့်မှန်းပေးထားကြပါတယ်။ 

Google

တစ်ခေတ်တစ်ခါက မြန်မာ ပရိသတ်တွေ ကြားမှာ ခိုအားလားလို့ လူသိများခဲ့တဲ့ မင်းသမီး Nam Sang-mi လေး အကြောင်းကို ချစ်ရတဲ့ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။