ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းထဲမှာ ဂျွန်စောအဖြစ် လူသိများတဲ့ မင်းသားကြီး Song Seung-heon ဟာဆိုရင် တောင်ကိုရီးယားမှာ ထိပ်တန်း နာမည်ကြီး မင်းသားတစ်ယောက် အဖြစ် ရပ်တည်နေတဲ့ သူဖြစ်ပါတယ်။ ညို့ယူဖမ်းစားနိုင်တဲ့ မျက်လုံး နဲ့ ဆွဲဆောင်မှု ရှိတဲ့ ပုံစံကြောင့် Song Seung-heon  တစ်ယောက် အနုပညာလမ်းကြောင်းထက်ဆီကို စတင်ရောက်ရှိလာခဲ့စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

Google
Google

Song Seung-heon က လက်ရှိမှာ အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် မိန်းမမယူတဲ့အပြင် တွဲနေတဲ့ ကောင်မလေးတောင် မရှိသေးပါဘူး။ Song Seung-heon နဲ့ တွဲခဲ့ဖူးတဲ့ ကောင်မလေးတွေထဲမှာ Liu Yifei ကိုပဲ စွဲစွဲလန်းလန်း ၃ နှစ်ကြာအောင် တွဲခဲ့ဖူးတာ ဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ဦးက နှစ်နဲ့ချီတွဲပြီး အရမ်းကို လိုက်ဖက်တဲ့ စုံတွဲဖြစ်ခဲ့ပေမယ့်လည်း မအားလပ်တဲ့ အလုပ်တွေကြောင့် လမ်းခွဲခဲ့ကြရပါတယ်။ မင်းသားကြီး Song Seung-heon တစ်ယောက် တရုတ်မင်းသမီးလေး Liu Yifei နဲ့ ၂၀၁၈ ခုနှစ်မှာ တရားဝင်  လမ်းခွဲခဲ့တာဖြစ်ပါတယ်။ 

Google
Google

Liu Yifei နဲ့ လမ်းခွဲခဲ့ရပေမယ့်လည်း Song Seung-heon က ကောင်မလေး အသစ် ထပ်ရှာတာမျိုး မရှိဘဲ တစ်ကိုယ်တည်း လူပျိုကြီး အဖြစ်နဲ့ ဘဝကို ဖြတ်သန်း လျက်ရှိပါတယ်။ ပရိသတ်တွေကတော့ ဂျွန်ဆောမင်းသားကြီး Song Seung-heon တစ်ယောက် တွဲခဲ့ဖူးတဲ့ ကောင်မလေးတွေထဲမှာ  Liu Yifei ကို အချစ်ဆုံးလို့ ဆိုကြပါတယ်။

Google
Google

တရုတ်မလေးကို စွဲစွဲလမ်းလမ်း ချစ်ခဲ့ဖူးတဲ့ မင်းသားကြီး Song Seung-heon တစ်ယောက် ဘယ်တော့များမှ အိမ်ထောင်ကျနိုင်မလဲလို့ တွေးရင်း အခု အကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။