ဂျုမုံဇာတ်လမ်းတွဲမှာ ဆိုအောနိုအဖြစ်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ တောင်ကိုရီးယား မင်းသမီး Han Hye-jin ဟာဆိုရင် အလုပ်ထက် မိသားစုကို ပိုပြီးဦးစားပေးခဲ့မိတာကြောင့် ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ သတ်မှတ်ခြင်း ခံခဲ့ရတဲ့ သူဖြစ်ပါတယ်။ မိသားစုအပေါ် အရမ်းကို သံဃောဇဉ်ကြီးလွန်းလှတဲ့ Han Hye Jin ဟာ သူမရဲ့ ရွေးချယ်မှုတွေအတွက် ဘယ်တော့မှ နောင်တ မရခဲ့ပါဘူး။ Han Hye Jin ဟာ ၂၀၁၃ ခုနှစ်မှာ အသက် ၇ နှစ်ငယ်တဲ့ ဘောလုံးသမား Ki Sung Yong နဲ့ လက်ထပ်ခဲ့ပြီး Ki Si-on လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။

Google

သူမဟာ အေဂျင်စီဖြစ်တဲ့ Jikim Entertainment နဲ့လည်း လျော်ကြေးငွေ ပေးရလောက်တဲ့အထိ ပြဿနာ တက်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Google

လျော်ကြေးငွေ ပေးဆောင်ခဲ့ရတဲ့ အကြောင်းအရင်းက Han Hye Jin ဟာ ၂၀၁၈ ခုနှစ်မှာ Korean Beef ambassador အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

Google
Google

Ambassador အဖြစ် သတ်မှတ်ခြင်းခံရတဲ့သူတစ်ယောက်က အနည်းဆုံး တစ်နှစ်ကို Event ၃ ခု တက်ရောက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း Han Hye Jin က မိသားစုနဲ့ နိုင်ငံခြားကို ရောက်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ Korean Beef Eating Day event ကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ စာချုပ်ပါ အကြောင်းအရာကို ပျက်ကွက်ခဲ့တာကြောင့် Han Hye Jin ဟာ လျော်ကြေးငွေ တောင်ကိုရီးယား ဝမ် ၂၅၀ သန်း (မြန်မာငွေ သိန်း ၄၀၀၀ ကျော် ) အထိ လျော်ကြေးပေးဆောင်ဖို့ ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒီသတင်းဟာ တောင်ကိုရီးယား အနုပညာလောကတစ်ခုလုံးကို ရိုက်ခတ်သွားပြီး Han Hye Jin အတွက်လည်း တော်တော်လေး တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်ခဲ့ပါတယ်။

Google
Google

နောက်ထပ် ဖြစ်ရပ်တစ်ခုကတော့ Han Hye Jin ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ပတ်သတ်ပါတယ် ။ သူမရဲ့ ခင်ပွန်းဖြစ်သူ ဘောလုံးသမား Ki Sung Yong ဟာ ဂျူနီယာ အမျိုးသမီးတွေ ကို လိင်အကြမ်းဖက်မှု ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို Han Hye Jin ဟာ အားလုံးက အလိမ်အညာ တွေသာဖြစ်တယ်ဆိုပြီး ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဇနီးဖြစ်သူတစ်ယောက်အနေနဲ့ ခင်ပွန်းသည်ရဲ့ နာမည်ပျက်ကို ချက်ချင်းဆိုသလို ငြင်းဆန်ပေးပြီး ဖယ်ရှားပေးနိုင်ခဲ့ပေမယ့် လည်း နာမည်ကျဆင်း သွားခဲ့ရပါတယ်။

Google

တစ်ချိန်က ဂျူမုံဇာတ်လမ်းတွဲထဲမှာ ဆိုအောနိုအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ Han Hye Jin နာမည်ကျဆင်းသွားရတဲ့ အကြောင်းအရင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။