ဇာတ်ပို့ သရုပ်ဆောင် အင်ကြင်းဟာဆိုရင် မြန်မာဇာတ်လမ်းတော်တော်များများမှာ ပါဝင်သရုပ်ဆောင်လေ့ပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေ အားပေးမှု တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။ သရုပ်ဆောင် အင်ကြင်းက လက် ရှိမှာ အွန်လိုင်းပေါ်မှာ Live လွှင့် ဈေးရောင်းလျှက်ရှိပါတယ်။ 

Ingyin Hana's Facebook

အင်ကြင်းဟာ သူမ ချစ်ရသူနဲ့ လက်ထပ်ထားပြီး သားဦးလေး တစ်ယောက်ကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အင်ကြင်းရဲ့ သားလေးက အသက် ၇ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။  သရုပ်ဆောင် အင်ကြင်းက သူမချစ်ရတဲ့ သားဖြစ်သူရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမြဲလိုလို တင်ပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။

Ingyin Hana's Facebook

ဒီတစ်ခေါက်မှာလည်း သရုပ်ဆောင် အင်ကြင်းက ဖုန်းလေးကွဲသွားလို့ စိတ်မကောင်းဖြစ်နေပြီး မျက်လုံးတွေ နီအစ်နေအောင် ငိုထားရပေမယ့် မိခင်ဖြစ်သူ ခက်ခက်ခဲခဲ ငွေ ရှာနေရတာကြောင့် မပူဆာရက်တဲ့ သား လေးရဲ့ အကြောင်းလေးကို အခုလိုလေး တင်ပေးလာပါတယ်။

Ingyin Hana's Facebook
Ingyin Hana's Facebook

“သူ့ဖုန်းလေးကွဲသွားလို့တွေးတွေးငိုနေတာ မျက်နှာတခုလုံးနီအစ်နေရော

မားမားအသစ်ဝယ်ပေးမယ်ဆိုတော့

မားမားပိုက်ဆံရှာနေရတာပင်ပန်းပါတယ် မားမားကိုသားကသနားနေတာတဲ့ သားအမှားမို့တောင်းပန်ပါတယ်တဲ့

အဲ့အစုတ်လေးပဲပြင်ပေးပါတဲ့?

Ingyin Hana's Facebook

7နှစ်အရွယ်နဲ့မလိုက်အောင်အမေ့သောကတွေသိနေရလို့ တောင်းပန်ပါတယ်မေ့သားလေးရယ်?”

Ingyin Hana's Facebook

မအင်ကြင်းတို့ကတော့ တကယ်ကို မိဘအပေါ်သိတတ်ပြီး လိမ္မာတဲ့ သားလေးကို ရရှိပိုင်ဆိုင်ထားတာပါပဲနော်။ သားလေးကို အရမ်းချစ်တဲ့ အင်ကြင်းကလည်း သားလေး လိုချင်နေတဲ့ ဖုန်းလေးကို မကြာသေးမီက ဝယ်ပေးလိုက်ပြီပဲ ဖြစ်ပါတယ် ။

Ingyin Hana's Facebook

အရွယ်နဲ့ မလိုက်အောင် လိမ္မာတဲ့ သားလေးနဲ့ မေမေ အင်ကြင်းတို့ရဲ့ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။