တောင်ကိုရီးယား သရုပ်ဆောင် Kang Ki-young ဟာဆိုရင် “Extraordinary Attorney Woo” ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ သူဖြစ်ပါတယ်။ Kang Ki-young ဟာ အချိန်ကာလ အတန်ကြာ အနုပညာလှုပ်ရှားမှုမှာ နာမည်တော်တော်လေး ငြိမ်ပြီးတဲ့နောက်မှာ “Extraordinary Attorney Woo” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အာရုံကို ပြန်လည် ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Google

Kang Ki-young ဟာ ၂၀၀၉ ခုနှစ်က “Bad Magnet” လို့ခေါ်တဲ့ ပြဇာတ်နဲ့ ပရိသတ်တွေ အရှေ့ကို စတင် ရောက်ရှိခဲ့တဲ့သူဖြစ်ပါတယ်။  ထို့နောက် tvN ဒရမ်မာတွေဖြစ်တဲ့ “What’s Wrong with Secretary Kim?” နဲ့ “Village Survival, the Eight.” တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Google

၂၀၁၉ ခုနှစ်မှာ Kang Ki-young ဟာ ချစ်ရသူလေးနဲ့ လက်ထပ်ခဲ့ပြီး သားလေးတစ်ယောက် ရရှိပိုင်ဆိုင် ခဲ့ပါတယ်။ လက်ထပ်ပွဲ မတိုင်ခင်တုန်းကတည်းက Kang Ki-young က သူဟာ သူ့ရဲ့ အချစ်ရေးအကြောင်းကို ထုတ်ဖော် မပြောချင်ပေမယ့် ချစ်သူထားလိုက်ပြီဆိုတာနဲ့ ချစ်သူကို ပုန်းလျှိုးဝှက်လျှိုး မထားချင်ကြောင်း ဆိုထားတာဖြစ်ပါတယ်။ သားဖြစ်သူ မွေးဖွားပြီးကတည်းက Kang Ki-young ဟာ ရင်သွေးလေးနဲ့ အမျိုးသမီးဖြစ်သူတို့ရဲ့ပုံရိပ်လေးတွေကို အမြဲလိုလို ဝေမျှပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။ 

Google

Kang Ki-young ဟာ “Oh My Ghost,” ၊  “Puck!” ၊  “W,” ၊ “Weightlifting Fairy Kim Bok-ju,” ၊  “What’s Wrong with Secretary Kim?” ၊ “On Your Wedding Day” နဲ့  “High Society.” ဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Google

ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဆိုပေမယ့် ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ တန်ဖိုးထားပြီး သရုပ်ဆောင်နိုင်တဲ့ Kang Ki-young ရဲ့ စိတ်ဓာတ်လေးကလည်း တကယ်ကို လေးစားဖို့ကောင်းလှပါတယ်။ လက်ရှိမှာ ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ Kang Ki-young ရဲ့ ချစ်စရာ အိမ်ထောင်ရေး ဘဝအကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။