တောင်ကိုရီးယား နာမည်ကြီး မင်းသမီး Son Ye Jin တစ်ယောက် ကိုယ်ဝန်ရှိနေပြီလို့ ကြေငြာပြီးကတည်းက သူမနဲ့ခင်ပွန်း ဖြစ်သူ Hyun Bin ရဲ့ မိသားစုဘဝအကြောင်းကို တစ်ကမ္ဘာလုံးက သိချင်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

Google

မကြာသေးမီကလည်း ဘလော့ဂါတစ်ဦးက အနုပညာပစ္စည်းတွေ ဝယ်ယူရင်း BinJin  စုံတွဲနဲ့ စုံတွေ့ခဲ့တဲ့ အကြောင်းကို သူမရဲ့ SNS စာမျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။ အဆိုပါ ဘလော့ဂါက  BinJin  စုံတွဲ ဝယ်ယူခဲ့တဲ့ ပန်းချီကားတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုခဲ့ပြီး ပန်းချီကားလေးတစ်ချပ်ကိုပါ ဖော်ပြခဲ့တာကြောင့် ပန်းချီကားနဲ့ဆက်စပ်ပြီး ပရိသတ်တွေရဲ့ ထင်ကြေး ပေးမှုတွေ မြင့်တက်လျက်ရှိပါတယ်။ 

Google

ဘလော့ဂါ တွေ့ခဲ့တဲ့ ပန်းချီကားချပ်လေးမှာ အမေဝက်၊ ဖေဖေနှင့် သားလေးဝက် အပါအဝင် ဝက်မိသားစု ၃ကောင်ကို ပုံထဲကအတိုင်းတွေ့ရပါတယ်။ 

Google

ဝက်မိသားစု ၃ ကောင်ဘေးမှာ Son Ye Jin ရဲ့ ခွေးကလေး Kitty နဲ့ တူတဲ့ အဖြူရောင်ခွေးလေး ရပ်နေကြတာကြောင့် ဒီပန်းချီကားက BinJin စုံတွဲတို့ မိသားစု ပန်းချီကားလေး ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ ပန်းချီကားလေးထဲကအတိုင်းဆို BinJin စုံတွဲလေးရဲ့ ကလေးလေးက သားယောကျာ်းလေး ဖြစ်ဖို့များပါတယ်။ 

Google

ဒါပေမယ့်လည်း အကြောင်းအရာကို စတင်ခဲ့တဲ့ ဘလော့ဂါက အဆိုပါ ပန်းချီကားလေးကို BinJin စုံတွဲတို့ ဝယ်မှာလား မဝယ်ဘူးလားဆိုတာ မသေချာကြောင်း ထပ်ဆောင်းပြောထားပါတယ်။

Google

 ဒါပေမယ့်လည်း အင်တာနက်အသုံးပြုသူတွေက ပန်းချီကားထဲက ပုံဟာ Hyun Bin တို့ မိသားစုနဲ့ တော်တော်လေး ခပ်ဆင်ဆင်တူကြောင်းအခိုင်အမာ ပြောဆိုထားကြပါတယ်။ လတ်တလောမှာတော့ အဆိုပါ သတင်းနဲ့ပတ်သတ်ပြီး BinJin စုံတွဲဘက်ကနေ ဘာမှ ဖြေရှင်းထားခြင်း မရှိသေးပါဘူး။ ပရိသတ်ကြီတို့ရော ဘယ်လိုထင်ကြလဲ တစ်ခုခု ပြောခဲ့ကြပါဦး .. မင်မင်က တော့ ဝက်မိသားစုလေးကို BinJin family လေးလို့ ထင်ပါတယ်။ ❤️

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။