မြန်မာပရိသတ်တွေကြားမှာ ပါးချိုင့်လေးလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသား Kim Seon Ho ဟာဆိုရင် စိတ်ဖိစီးမှု စိတ်ကျရောဂါတွေ အများကြီးရရှိနေပြီး ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

Google

ဒီအကြောင်းအရာကို Youtuber Lee Jin Ho က ဗီဒီယိုလေးနဲ့တကွ ဖော်ပြပေးထားတာဖြစ်ပါတယ်။ Kim Seon Ho ဟာဆိုရင် များပြားလှတဲ့ဖိအားတွေကြောင့် တုတ်ကွေးရောဂါ အပါအဝင် ကျန်းမာရေး ပြဿနာ အများအပြားနဲ့ ရင်ဆိုင်တွေ့ကြုံနေရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Lee Jin Ho က မင်းသား Kim Seon Ho တစ်ယောက် အရေးပေါ် အခန်းထဲထိ ရောက်သွားရတယ်ဆိုတဲ့ ကောလာဟလကိုတော့ မဟုတ်မှန်ကြောင်း ဖြေရှင်းပေးထားပါတယ်။ 

Google

တောင်ကိုရီးယားမင်းသား Kim Seon Ho ဟာဆိုရင် ကြီးမားတဲ့ လူမှုရေးပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက်မှာ အနုပညာ လှုပ်ရှားမှု တော်တော်များများကနေ ပျောက်ကွယ်သွားရတဲ့သူဖြစ်ပါတယ်။

Google

လက်ရှိမှာတော့ Kim Seon Ho ဟာ အနုပညာ လှုပ်ရှားမှု လမ်းကြောင်းထက်ဆီကို ပြန်လည်ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသား Kim Seon Ho ရဲ့ ကျန်းမာရေး အခြေအနေအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Source- Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။