တောင်ကိုရီးယား ယောကျာ်းလေးများ အဆိုတော် အဖွဲ့ Big Bang ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ G-Dragon ဟာဆိုရင် Blackpink အဖွဲ့ဝင် Jennie နဲ့ အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို Like ပေးမိလို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အများကြီး ရရှိနေပါတယ်။

G-Dragon က သူနဲ့ Jennie တို့ရဲ့ ဗီဒီယိုကို Like လုပ်ထားတဲ့ အကြောင်းအရာလေးကို ပရိသတ်တစ်ယောက်က ဇူလိုင်လ ၉ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။ G-Dragon က Jennie နဲ့ သူနဲ့ ship လုပ်ထားတဲ့ ဗီဒီယိုလေးကို ဗီဒီယိုတင်ပြီး ၁၇ နာရီအကြာမှာ Like ပေးထားခဲ့တာဖြစ်ပါတယ်။

Instagram

ဒီအကြောင်းအရာက ချက်ချင်းဆိုသလိုပဲ လူမှုကွန်ရက် အသုံးပြုသူတွေကြားထဲမှာ နာမည်ကြီးသွားပြီး စိတ်ဝင်စားမှု များပြားသွားခဲ့ပါတယ်။ ပရိသတ်တွေက G-Dragon တစ်ယောက် Jennie ကို သဘောကျနေခဲ့တာလားဆိုပြီး မေးခွန်းတွေ အများအပြား ထုတ်ထားကြပါတယ်။ ပရိသတ်တွေ မေးထားကြတဲ့ မေးခွန်းလေး အချို့ကို ‌အောက် မှာ ဘာသာပြန်ဖော်ပြပေးထားပါတယ်။

Instagram
Instagram

“G-Dragon က ဘာလို့ Like ပေးတာလဲ ..”

“G-Dragon က Dara နဲ့ တုန်းကလည်း ship ထားတဲ့ ဗီဒီယိုကို Like ပေးတာပဲ ..”

“သူက Jennie နဲ့ ship ထားတဲ့ ဗီဒီယိုမှန်း မသိဘူး .. သူငယ်ချင်းပုံစံမျိုး တင်ထားတဲ့ ဗီဒီယိုထင်လို့ Like ပေးထားတာနေမယ်”

Google
Google

စတဲ့ မှတ်ချက်တွေ အများအပြား ပေးထားပါတယ်။ ပရိသတ်ကြီးရော G-Dragon တစ်ယောက် ပရိသတ်တွေ  Jennie နဲ့ Ship ပေးတာကို သဘောကျနေတာလို့ ထင်လား ..  တစ်ခုခုပြောပေးခဲ့ကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။