မြန်မာနိုင်ငံမှာ ဟေမန်ဆောင်းရဲ့ချစ်သံစဉ်ဇာတ်လမ်း (Winter Sonata) နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့ တောင်ကိုရီးယားမင်းသား Bae Yong Joon ဟာဆိုရင် လက်ထပ်ထားပြီး သာယာပျော်ရွှင်စရာ မိသားစု ဘဝလေးကို ရရှိပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ Bae Yong Joon တစ်ယောက် အနုပညာ လှုပ်ရှားမှုတွေပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာလည်း ဆယ်စုနှစ် ၂ စုကျော် တောင် ကြာသွားပြီပဲဖြစ်ပါတယ်။

Google
Google
Google

Bae Yong Joon လက်ထပ်ခဲ့တဲ့ မင်းသမီး Park Soo Jin ကလည်း လက်မထပ်ခင်က နာမည်ကြီးတဲ့သူမဟုတ်ပါဘူး ။ Park Soo Jin ဟာ Sugar အဖွဲ့ရဲ့ အဆိုတော် တစ်ယောက် အဖြစ် အနုပညာ လောကထဲကို ရောက်ရှိလာခဲ့တဲ့သူဖြစ်ပြီး လူသိနည်းတဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသား Bae Yong Joon က Park Soo Jin ကို တွဲပြီး သိပ်မကြာခင်မှာပဲ လူသိရှင်ကြား လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၁၅ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့မှာရှိတဲ့ တန်ဖိုးမြင့် luxurious ဟိုတယ်ကြီးမှာ ခန်းနားကြီးကျယ်စွာ မင်္ဂလာဆောင်ခဲ့ပါတယ်။  အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လူသိနည်းတဲ့ တောင်ကိုရီးယားမင်းသမီး Park Soo Jin ဟာ မင်းသား Bae Yong Joon နဲ့ လက်ထပ်ပြီးတဲ့နောက်မှာ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ 

Google

သတင်းဌာနတွေ အများကြီးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သလို လူအများသိချင်တဲ့သူအဖြစ် ပြောင်းလဲခဲ့တဲ့ မင်းသမီး Park Soo Jin ဟာ လက်ထပ်ပြီးနောက်မှာမှ ကြော်ငြာလုပ်ငန်းတွေကနေ ကမ်းလှမ်းချက်တွေ အများကြီးရရှိခဲ့ပြီး ဖက်ရှင်လောကမှာ သြဇာလွှမ်းမိုးတဲ့သူဖြစ်လာခဲ့ပါတယ်။

Google
Google
Google

ပရိသတ်တွေရဲ့ အားကျမှုကို အပြည့်အဝ ရရှိထားတဲ့ Park Soo Jin ဟာဆိုရင် လက်ရှိမှာ ချစ်ရတဲ့ ခင်ပွန်း ၊ သားလေးနဲ့ သမီးလေး နှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်စရာ မိသားစု ဘဝလေးကို ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။