အခုလတ်တလော နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားပြီး မမတွေ ၊ ညီမလေးတွေ ၊ တီတီတွေရဲ့ အာရုံစိုက်မှုကို တခဲနက် ရရှိထားသူလေးကတော့ အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ ဟန်ဘုန်းထက်ပဲဖြစ်ပါတယ်။ ဟန်ဘုန်းထက်က ဗီစီဒီခေတ်ရဲ့ မင်းသားချောကြီး ညိုလင်းထက်နဲ့ မင်းသမီးချော သူရီလင်းသစ်တို့ရဲ့ သားကြီးလေးဖြစ်ပြီး အနုပညာအလုပ်တွေ လုပ်ရတာ ဝါသနာပါတဲ့သူလေးဖြစ်ပါတယ်။

မိခင်ဖခင်တို့ရဲ့ ချောမောမှုတွေကို အမွေရရှိထားတဲ့ ဟန်ဘုန်းထက်ကို တဝကြီး မြင်တွေ့ချင်တယ်ဆိုတဲ့ သူတွေအတွက် သတင်းကောင်းကြီးတစ်ခု ရောက်ရှိလို့ လာခဲ့ပါပြီ။ အဲဒီသတင်းကောင်းကတော့ ဟန်ဘုန်းထက်ကို မြန်မာနိုင်ငံရဲ့ဖျော်ဖြေရေး Platform တစ်ခုဖြစ်တဲ့ TrueID Application နဲ့ Myanmarload မီဒီယာတို့ရဲ့ Collaborator တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

TrueID ၊ Myanmarload တို့နဲ့အတူ အနုပညာခြေလှမ်းအသစ်တွေ စတင်တော့မယ့် ဟန်ဘုန်းထက်ကို ဘယ်လိုမျိုး ထူးခြားကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ မြင်တွေ့ရမလဲဆိုတာ သိရဖို့အတွက် အခုပဲ TrueID Myanmar Facebook Page နဲ့ Myanmlarload Facebook Page တို့ကို မျက်ခြေမပျက် စောင့်ကြည့်ပေးသွားကြဦးပါနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။