ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကို သိမ်းကြုံးရယူနိုင်တဲ့သူဖြစ်ပါတယ်။ချိုသာနဲ့ အပြုံးလေး တဲ့ ပွင့်လင်းတဲ့ ပုံစံကြောင့်လည်း အေးမြတ်သူကို ချစ်တဲ့ အားပေးကြတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက အေးမြတ်သူကို ချစ်စနိုးတဲ့ မမြတ်လေးလို့လည်း ခေါ်ကြပါတယ်။

Aye Myat Thu's Facebook
Aye Myat Thu's Facebook

အေးမြတ်သူက သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲ တင်ပေးလေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာတော့ အေးမြတ်သူက သာမန်တင်နေကြပုံစံမဟုတ်တဲ့ “ဟုတ်ကဲ့ ကလေးရော မိခင်ပါကျန်းမာပါတယ်” ဆိုတဲ့ စာသားလေးနဲ့ ဆေးရုံကုတင်မှာ ကလေးငယ်လေးနဲ့ အိပ်နေတဲ့ ပုံလေး တင်ပေးလာတာဖြစ်ပါတယ်။

Aye Myat Thu's Facebook
Aye Myat Thu's Facebook

ဓာတ်ပုံလေးကို တင်ပြီးပြီးချင်းမှာပဲ "အေးမြတ်သူတစ်ယောက် ဘယ်တုန်းက ကလေးရသွားတာလဲ “ “ကလေးက သူ့ကလေးဟုတ်လို့လား” “ ဇာတ်လမ်းထဲကပုံလား ကြော်ငြာလား” စတဲ့ မှတ်ချက်တွေ အမြောက်အမြား ပေးထားကြပါတယ်။

Aye Myat Thu's Facebook

ကလေးရော မိခင်ပါ ကျန်းမာပါတယ်ဆိုတဲ့ အေးမြတ်သူရဲ့ချစ်စရာ ပုံရိပ်လေးကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။ ကဲ .. ပရိသတ်ကြီးရော မမြတ်လေးတစ်ယောက် ဘယ်တုန်းက ကလေး ရသွားတယ်လို့ ထင်လဲ .. ?ဖြေပေးခဲ့ကြပါဦး .. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။