တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ပရိသတ်တွေက သူတို့ အရမ်းချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တွေကို ချစ်စနိုးနဲ့ နာမည်ပြောင်လေးတွေ ပေးထားကြပါတယ်။ 1. Nation's First Love • 2. Nation's MC • 3. King Of Rich Man • 4. King Of Historical Drama • 5. King Of Melodrama စတဲ့ နာမည်လေးတွေက တောင်ကိုရီးယား ပရိသတ်တွေ သူတို့ ချစ်ရတဲ့ ပရိသတ်တွေကို ပေးထားတဲ့ နာမည်ပြောင်လေးတွေ ဖြစ်ပါတယ်။ ဒီအထဲမှာ Nation's First Love အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ တောင်ကိုရီးယား အနုပညာရှင် အမျိုးသမီးတွေဟာဆိုရင် ကောင်းမွန်ပြည့်စုံတဲ့ အိမ်ထောင်ရေးလေးတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတွေ ဖြစ်ပါတယ်။  ပျော်စရာ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားကြတဲ့ တောင်ကိုရီးယား နိုင်ငံရဲ့ Nation's First Love အနုပညာရှင်တွေကို ဖော်ပြပေးသွားပါမယ်။

Jun Ji Hyun

Google

တောင်ကိုရီးယားမင်းသမီး Jun Ji Hyun ဟာဆိုရင် ၂၀၀၁ ခုနှစ်တုန်းက "My Sassy Girl” ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ရရှိပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့အပြင် ယုံကြည်မှု ရှိလွန်းတဲ့ ပုံစံကြောင့် Jun Ji Hyun ဟာ "Nation's First Love" လို့ခေါ်တဲ့ ဂုဏ်ပုဒ်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google

Jun Ji Hyun ဟာ ၂၀၀၄ ခုနှစ်မှာလည်း "Windstruck" ဆိုတဲ့ ဇာတ်လမ်းနဲ့ ကြည့်ရှုသူတွေရဲ့ အချစ်ကို တခဲနက် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ထို့နောက် My Love from the Star," "The Legend of the Blue Sea," "My Love from the Star” The Legend of the Blue Sea," ဇာတ်လမ်းတွဲတွေနဲ့လည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ခဲ့တဲ့ Jun Ji Hyun ဟာ လက်ရှိအချိန်မှာ စီပွားရေး သမား Choi Jun Hyuk နဲ့ လက်ထပ်ပြီး ကောင်းမွန်ပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

Google

Jun Ji Hyun ဟာ သူမ ခင်ပွန်းဖြစ်သူနဲ့ ၂၀၁၂ ခုနှစ်မှာ လက်ထပ်ပြီးတဲ့နောက်မှာ ချစ်စရာ ရင်သွေးလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google

Son Ye Jin

Google

တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာဆိုရင်လည်း မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။ Son Ye Jin ဟာ တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Hyun Bin နဲ့ အခု ၂၀၂၂ ခုနှစ်မှာပဲ လက်ထပ်ခဲ့ပြီး လက်ရှိမှာ ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီပဲဖြစ်ပါတယ်။

Google

Lee Yeon Hee

Google

တောင်ကိုရီးယားမင်းသမီး Lee Yeon Hee ဟာဆိုရင် အိုင်ဒေါလ် Trainee တစ်ယောက် အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့သူဖြစ်ပြီး Girls' Generation အဖွဲ့ထဲကိုတောင် ဝင်ခွင့်ရလု နီးပါး ဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။

Google

Lee Yeon Hee ဟာ ကျက်သရေရှိပြီး ရိုးရှင်းတဲ့ အလုတရားနဲ့ "Nation's First Love" ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိပိုင်ဆိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် Lee Yeon Hee ရဲ့ အသက်က ၃၄ နှစ်ရှိနေပြီဖြစ်ပါတယ်။

Google

Lee Yeon Hee ဟာ သူမချစ်ရတဲ့ အနုပညာရှင်ထဲက မဟုတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ ၂၀၂၀ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်ဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။