ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့တုန်းက အမေရိကန်ပြည်ထောင်စု တောင်ဒါခိုတာပြည်နယ်၊ ဆူးဖောလ်မြို့ မှာ နေထိုင်ကြတဲ့သူတွေဟာ ကောင်းကင်ရဲ့ ထူးဆန်းစွာ အစိမ်းရောင်ပြောင်းလဲသွားမှုကို အံ့အားသင့် ထိတ်လန့်စွာ မြင်တွေ့ခဲ့ကြရပါတယ်။ ကောင်းကင်ရဲ့ အရောင်တွေထဲမှာ လူအများ မြင်တွေ့နေကြ အရောင်ပုံစံက အဖြူရောင် နဲ့ အပြာရောင်ဖြစ်ပါတယ်။ အခုတစ်ခေါက် မြင်တွေ့ရတဲ့ ကောင်းကင်အရောင်က ရှားပါးတဲ့ အစိမ်းရောင်တောက်တောက် အရောင်ကြီးဖြစ်နေတာကြောင့် အမေရိကန်မှာ နေထိုင်ကြတဲ့ သူတွေက အံ့အားသင့်နေကြပါတယ်။

Unlike other storms, this storm occurs very rarely. (Photo: Twitter)

ကောင်းကင်အစိမ်းးရောင်ပြောင်းသွားသည့်အကြောင်းအရင်းကို ရှာဖွေကြည့်လိုက်တဲ့အခါမှာ “Derecho” အမျိုးအစား မုန်တိုင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ မုန်တိုင်းက တစ်နာရီကို မိုင် ၁၄၀ နှုန်းနဲ့ အမေရိကန်မှာရှိတဲ့ ပြည်နယ် ၃ ခုကို ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်များ ပြိုလဲခဲ့ပြီး လျပ်စစ်ဓာတ်အားများလည်း ပြတ်တောက်ခဲ့ပါတယ်။ မုန်တိုင်းဝင်ရောက်ပြီး မကြာခင်မှာပဲ ကောင်းကင်ကြီးပ အခုလိုမျိုး အစိမ်းရောင်ပြောင်းလဲသွားခဲ့ရတာဖြစ်ပါတယ်။

Unlike other storms, this storm occurs very rarely. (Photo: Twitter)
Unlike other storms, this storm occurs very rarely. (Photo: Twitter)

“Derecho” မုန်တိုင်းဟာ အခြားမုန်တိုင်းများနဲ့ ပုံစံခြင်းမတူဘဲ အရမ်းကို ရှားပါးတဲ့ မိုးကြိုး မုန်တိုင်း အမျိုးအစားပုံစံ ဖြစ်ပါတယ်။ “Derecho” မုန်တိုင်းအဖြစ် သတ်မှတ်နိုင်ဖို့ လေတိုက်နှုန်း က တစ်နာရီလျင် အနည်းဆုံး ၉၃ ကီလိုမီတာ ရှိရမယ်လို့ သိရပါတယ်။

Unlike other storms, this storm occurs very rarely. (Photo: Twitter)
Unlike other storms, this storm occurs very rarely. (Photo: Twitter)

ကောင်းကင် အစိမ်းရောင်ဖြစ်သွားတဲ့ အကြောင်းအရင်းကလည်း ရာသီဥတုနဲ့ သတ်ဆိုင်တဲ့ သဘာဝဖြစ်စဉ် တစ်ခုဖြစ်တာကြောင့် စိုးရိမ်ဖွယ် မရှိပါဘူး။ လူအများ ထိတ်လန့်နေကြတဲ့ အမေရိကန်နိုင်ငံက ကောင်းကင်ကြီး အစိမ်းရောင် ဖြစ်သွားတဲ့ အကြောင်းအရင်းကို စိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ပါတယ်။

Source - financialexpress

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။