ဝါရင့်သရုပ်ဆောင် Kim Mi Kyung က Jang Nara ရဲ့မင်္ဂလာပွဲကို ချစ်မြတ်နိုးမှုနဲ့အတူ အားပေးမှုတွေ ပံ့ပိုးခဲ့ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ Jang Nara က ဆိုးလ်မြို့ရှိ Bonelli Garden မှာ မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေနဲ့အတူ သီးသန့်မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။

သီးသန့်မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ကြယ်ပွင့်များစွာထဲမှာ Kim Mi Kyung တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာတော့ Kim Mi Kyung က ​​ Jang Nara နဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို Instagram မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

Kim Mi Kyung နဲ့ Jang Nara တို့နှစ်ယောက်က “VIP” နဲ့ “Go Back Couple” ဇာတ်ကားတွေမှာ အတူတွဲသရုပ်ဆောင်ခဲ့ကြပြီး အဲ့ဒီနေ့မှာတော့ အမေနဲ့သမီး အသွင်နဲ့ သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှုကို ထပ်မံပြသခဲ့ပါတယ်။

Kim Mi Kyung က Jang Nara လေး လက်ထပ်ခဲ့ပြီဖြစ်ကြောင်းနဲ့ ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ Nara အနေနဲ့ အပျော်ရွှင်ဆုံးနဲ့ အအေးချမ်းဆုံးဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ကြောင်းရေးသားခဲ့ပါတယ်။ Kim Mi Kyung ရဲ့ အရေးအသားကို ကြည့်လိုက်မယ်ဆိုရင် သူမဟာ Jang Nara လေးအတွက် ဘယ်လောက် ဂုဏ်ယူဝမ်းမြောက်နေတယ်ဆိုတာပေါ်လွင်ပါတယ်။

source - soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။