တောင်ကိုရီးယားမင်းသမီး Park Eun-bin ဟာ ချစ်ဖို့ကောင်းလှတဲ့ မျက်နှာလေးနဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တဲ့ အရည်အချင်း ရှိသူလေးဖြစ်တာ ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။

Google

လက်ရှိပြသလျက်ရှိတဲ့ Extraordinary Attorney Woo ဇာတ်လမ်းထဲမှာလည်း စိတ်ရောဂါသည် အော်တစ်ဇင်မလေးနေရာကို ကောင်းမွန်ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် Park Eun-bin ကို ချီးကျူးနေတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ 

Google

Park Eun-bin ဟာဆိုရင် အသက် ၂၇ နှစ်ရှိနေပြီဖြစ်ပြီး အသက် ၆ နှစ်အရွယ်မှာ ကတည်းက အနုပညာလမ်းကြောင်းထက်ဆီကိုရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

Google

Park Eun-bin ဟာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ ၁၉၉၆ ခုနှစ်တုန်းက ကတည်းက White Nights 3.98 ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ ငယ်လွန်းပြီး မျက်နှာက လူကြီးရုပ်နဲ့ ကွဲထွက်နေတာကြောင့် အဆိုပါကလေးသရုပ်ဆောင်လေးကို Park Eun-bin မှန်း မသိခဲ့ကြပါဘူး။ 

Google

White Nights 3.98 ဇာတ်လမ်းတွဲ အပြီးမှာလည်း Empress Myeongseong (2001) ဇာတ်လမ်းတွဲ နဲ့  The Great Queen Seondeok (2009) ဇာတ်လမ်းတွဲတို့မှာ ကလေးသရုပ်ဆောင် အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ 

Google

အသက် ၆ နှစ်အရွယ်မှာကတည်းက အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်ခဲ့ရတဲ့ Park Eun-bin ဟာ အားလပ်ချိန် မရှိလောက်အောင်ကို ပင်ပန်းခဲ့တာကြောင့် အနုပညာရှင်တစ်ယောက်ဖြစ်ရတာ ခက်ခဲခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာပြောခဲ့ဖူးပါတယ်။ 

Google

“ကျောင်းနဲ့အလုပ် တစ်ချိန်တည်းမှာလုပ်ခဲ့ရတော့ ပင်ပန်းရတယ် နားချိန်မရှိဘူး .. ပျော်ရွှင်ဖို့အတွက် စည်းကမ်းတွေလည်း တစ်ခါမှ မဖောက်ခဲ့ဖူးဘူး.. အဲဒီအချိန်တွေတုန်းက ကျွန်မ တော်တော်လေး ပင်ပန်းခဲ့ရပါတယ်” 

Google

အနုပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်ခဲ့တာနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေကိုလည်း Park Eun-bin က အခုလိုလေး ဖြေပေးခဲ့ပါတယ်။ 

Google

“အနုပညာလောကထဲကို  ဝင်ခဲ့တာ မိဘတွေ ကြောင့် မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်ကြောင့်ပါ .. ကိုယ် ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်တာကြောင့် အောင်မြင်မှု ရရှိဖို့ အကောင်းဆုံး ကြိုးစားခဲ့ရပါတယ်။”

Google

Park Eun-bin ဟာ တစ်ကားဆို တစ်ကားအောင်မြင်မှု ရရှိခဲ့တဲ့ မင်းသမီးလေး ဖြစ်ပြီး ငယ်စဉ်ကတည်းကအနုပညာ အလုပ်တွေ လုပ်ရတာ ကြိုက်နှစ်သတ်တဲ့ သူလေးဖြစ်ပါတယ်။ လူတွေမသိသေးတဲ့ တောင်ကိုရီးယားမင်းသမီးလေး Park Eun-bin ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။