သရုပ်ဆောင် မော်ဒယ် ၊ အဆိုတော် ဟိန်းမင်းသူ ဟာဆိုရင် ဂျက်စတင်ဘီဘာနဲ့တူတယ်ဆိုတဲ့ မျက်နှာကြောင့်ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ ဟိန်းမင်းသူဟာ အနုပညာလောကမှာ နေရာတစ်နေရာရရှိပိုင်ဆိုင်ထားတဲ့သူ ဖြစ်တဲ့အလျောက် မိဘအပေါ်လည်း သိတတ်လိမ္မာတဲ့ သား လိမ္မာလေး ဖြစ်ပါတယ်။ 

Hein Min Thu’s Facebook
Hein Min Thu’s Facebook

ကျန်းမာရေး အခြေအနေကြောင့် အနုပညာအလုပ်တွေ အချိန်အတန်ကြာ ရပ်နားထားတဲ့ ဟိန်းမင်းသူဟာလတ်တလောမှာ ဗီဒီယို အတိုလေးတွေ ရိုက်ကူးပြီး ပရိသတ်တွေ အရှေ့ကို ပြန်လည် ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Hein Min Thu’s Facebook

ယမန်နေ့ကလည်း ဟိန်းမင်းသူက ဖုန်းအဟောင်းလေးကို သံယောဇဉ်ရှိရှိ ကိုင်နေတဲ့ မိခင်ကြီးကို IPhone လေးနဲ့Surprise တိုက်လိုက်တဲ့ ဗီဒီယိုလေး တင်ပေးလာပါတယ်။ 

Hein Min Thu’s Facebook

ဗီဒီယိုလေးထဲမှာ ဟိန်းမင်းသူက မိခင်ကြီးရဲ့ဖုန်းကို တိုက်အောက်ကို ပစ်ချလိုက်တဲ့ ပုံစံလုပ်လိုက်တာပါ။ ဖုန်းလေးတိုက်အောက် ပြုတ်ကျသွားလို့ စိတ်ကောက်နေတဲ့ ဟိန်းမင်းသူရဲ့ မိခင်ကြီးကလည်း တော်တော်လေး ချစ်ဖို့ကောင်းပါတယ်နော်။ 

Hein Min Thu’s Facebook

ချစ်စရာကောင်းတဲ့ မိခင်ကြီးရဲ့ ဖုန်းအဟောင်းလေးကို ဒီအတိုင်း မဝယ်ပေးဘဲ Surprise တိုက်ပြီး လက်ဆောင်ပေးလိုက်တဲ့ ဟိန်းမင်းသူရဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Hein Min Thu’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။