ကမ္ဘာကျော် အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင်ဟာဆိုရင် ကွယ်လွန်သွားတာ ၁၃ နှစ်ကျော် ကြာသွားပြီဖြစ်ပေမယ့်သူ့ရဲ့ ဝင်ငွေက တစ်နှစ်ကို ပေါင်သန်း ၃၀၀ ကျော်အထိ ရရှိနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ မိုက်ကယ်ဂျက်ဆင်ကွယ်လွန်ပြီးသွားချိန်မှ ရရှိခဲ့တဲ့ စီးပွါးရေး လုပ်ငန်းတွေကဝင်ငွေဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီးဝင်ငွေတွေရှိနေတာကြောင့် မိုက်ကယ်ဂျက်ဆင်ရဲ့ သားသမီးလေးတွေ ကတော့ တစ်သက်စိတ်ပူစရာမလိုတဲ့ သန်းကြွယ်သူဌေးလေးတွေ ဖြစ်လာကြမှာပါ။ 

Google
Google

သေဆုံးပြီးနောက်မှာ စီးပွါးရေးလုပ်ငန်းတွေကနေ ရရှိနေခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ဝင်ငွေက တစ်နှစ်ကို ပေါင်သန်း ၃၀၁သန်း ကျော်ရှိတယ်လို့ ကိန်းဂဏန်းများအရ သိရပါတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ ဝင်ငွေတွေက ကွယ်လွန်သွားပြီးနောက်မှာ ပိုများခဲ့ပြီး စီးပွါးရေး အခွင့်အလန်းတွေကလည်း သေဆုံးပြီးနောက်မှာမှ ပိုပြီး များပြားလာခဲ့တာဖြစ်ပါတယ်။ 

Google

မိုက်ကယ်ဂျက်ဆင်ရဲ့ ကလေးငယ်လေးတွေဟာ ဖခင်ကြီးနဲ့အတူ ဆိုးရွားလှတဲ့ လောကဓံဘဝကို ရင်ဆိုင်ခဲ့ကြရပြီး ဆင်းရဲလွန်းတာကြောင့် အိမ်ခြေရာမဲ့ ဘဝ အထိတောင် ရောက်ခဲ့ကြရတဲ့ သူလေးတွေ ဖြစ်ပါတယ်။ 

Google

ကွယ်လွန်သွားပြီးနောက်မှာ အခုလိုမျိုး သန်းပေါင်းများစွာ သော ဝင်ငွေ​တွေကို ဆက်ပြီးထိန်းထားနိုင်ခဲ့တဲ့အကြောင်းအရင်းကလည်း ဘဏ္ဌာငွေတွေကို စီမံခန့်ခွဲပေးနိုင်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ သူငယ်ချင်းမိတ်ဆွေ နှစ်ယောက်ကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။ 

Google

မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားပြီးနောက်မှာ ထပ်မံပိုင်ဆိုင်ခဲ့တဲ့ ဝင်ငွေ စုစုပေါင်းက ပေါင် 739,637,972  ဖြစ်တယ်လို့ သိရပါတယ်။ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားချိန်မှာ သူ့ရဲ့ အကောင့် ဟာအကြွေးပေါင်း ပေါင် ၄၁၈သန်း တင်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ကွယ်လွန်းပြီးမှ ရရှိလာခဲ့တဲ့ Sony ကဲ့သို့သောအလုပ်အကိုင် စာချုပ်တွေကြောင့် မိုက်ကယ်ဂျက်ဆင်ရဲ့ ကလေး ၃ ယောက်ဟာ တစ်သက်သာ သန်းကြွယ်လေးတွေ ဖြစ်လာကြတော့မှာပါ။ 

Google

သားသမီးတွေကို နောင်ရေးအေးအေး စိတ်ချချ ထားနိုင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ အကြောင်းလေးကို ကြည်နူးဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။