“ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်” MRTV 4 ဇာတ်လမ်းနဲ့အတူ ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာသူကတော့ အိမ်မက်ဆုံရာ အဆိုတော်မလေး ဆုထက်လှိုင်ပဲ ဖြစ်ပါတယ်။ ဆုထက်လှိုင် အဆိုပိုင်းရောသရုပ်ဆောင်ပိုင်းပါ ကျွမ်းကျင်ပိုင်နိုင်သူလေး ဖြစ်တယ်ဆိုတာကို သူမရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပြသနိုင်ခဲ့တာကြောင့် လတ်တလောမှာ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို တခဲနက် ရရှိထားတာပဲ ဖြစ်ပါတယ်။ 

Su Htet Hlaing’s Facebook

ဆုထက်လှိုင်က အနုပညာလှုပ်ရှားမှုလေးတွေကို တက်နိုင်သလောက်လုပ်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် မပျက်ဘဲ ရှိနေပါတယ်။ အပြင်မှာဆိုရင် ဇာတ်လမ်းထဲကလိုမဟုတ်ဘဲ ပျော်ပျော်နေတတ်တဲ့ မမ ဆုထက်လှိုင်ကအခုတစ်ခေါက်မှာလည်း “မမဦးလေး နောက်တစ်ယောက်ရှာတွေ့သွားပါပြီ” ဆိုတဲ့ စာသားလေးနဲ့ အတူမင်္ဂလာဆောင်ဓာတ်ပုံလေးတွေ ဝေမျှပေးလာခဲ့ပါတယ်။ 

KMA Wedding Studio
KMA Wedding Studio
KMA Wedding Studio

မမဦးရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးတွေက Photo Shooting တစ်ခုကြောင့် ရိုက်ကူးထားတာလို့ သိရပြီးအသက်ဝင်လွန်းတာကြောင့် ပရိသတ်တွေက မမဦးတစ်ယောက် တကယ်များလားဆိုပြီး အံ့ဩနေကြတာ ဖြစ်ပါတယ်။ 

KMA Wedding Studio
KMA Wedding Studio
KMA Wedding Studio


ကျက်သရေရှိပြီး လှပနေတဲ့ မမဦးရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးတွေကို တစ်ပုံချင်း ဝင်ကြည့်ပေးသွားကြပါဦးနော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။