ဂျာမနီအဆိုတော် Mikis Weber ဟာဆိုရင် တိုင်းတစ်ပါးသားဆိုပေမယ့် မြန်မာနိုင်ငံကို ချစ်ပြီး မြန်မာလူမျိုးမိန်းကလေး စုစုဝေကို လက်ထပ်ထားတဲ့သူဖြစ်ပါတယ်။ Mikis Weber နဲ့ စုစုဝေတို့ဟာ လူမျိုးချင်းမတူပေမယ့်လည်း တစ်ယောက် အပေါ်တစ်ယောက် အရမ်းချစ်ကြပါတယ်။ အခုအချိန်မှာဆိုရင် လိုက်ဖက်တဲ့ သူတို့ စုံတွဲလေးဆီမှာ Rio လို့ အမည်ပေးထားတဲ့ ရင်သွေးလေးကို ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ 

Su Su Webber’s Facebook 

သူတို့နှစ်ဦးက လက်ရှိမှာ ဂျာမနီနိုင်ငံမှာနေထိုင်နေကြပြီး သာယာလှပတဲ့ မိသားစု ဘဝလေးကို ရရှိပိုင်ဆိုင်ထားကြတာဖြစ်ပါတယ်။   လူမျိုးခြားပေမယ့်လည်း Mikis  တို့ မိဘတွေဘက်က ချွေးမလေး စုစုဝေကို အရမ်းချစ် ကြပါတယ် ။ သားအချစ် မြေးအနှစ်ဆိုသလိုပဲ မြေးလေး Rio လေးကိုလည်း တုန်နေအောင်ချစ်ကြပါတယ်။ 

Su Su Webber’s Facebook 
Su Su Webber’s Facebook 

ချစ်စရာ သားသားလေးရဲ့ ပုံရိပ်လေးတွေကို အမြဲ ဝေမျှပေးလေ့ရှိတဲ့ စုစုဝေက အခုတစ်ခေါက်မှာလည်း ဖွားဖွားကြီးရဲ့အသက် ၈၀ နှစ်ပြည့် မွေးနေ့မှာ မိသားစု စုံညီပျော်ရွှင်စရာ အချိန်လေးတွေ ကုန်ဆုံးနေကြတဲ့ ပုံရိပ်လေးတွေဝေမျှပေးလာခဲ့ပါတယ်။ 

Su Su Webber’s Facebook 
Su Su Webber’s Facebook 

ဓာတ်ပုံထဲမှာဆိုရင် ဖအေတူမြေးချောလေးကို လက်ထဲကနေမချ တုန်နေအောင်ချစ်နေကြတဲ့ ဖွားဖွား ၊ ဦးဦးဒေါ်ဒေါ်တွေကို တွေ့ရမှာဖြစ်ပါတယ်နော်။

Su Su Webber’s Facebook 

 ဖိုးဖိုးကြီးကတော့ ဆုံးသွားပြီဖြစ်တာကြောင့် ဓာတ်ပုံလေးပဲ တွေ့ရတော့ပါတယ်။ Mikis  နဲ့ စုစုဝေတို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလှတဲ့ ဓာတ်ပုံလေး တွေကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။