တောင်ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေ သေဆုံးမှုဟာ မထင်မှတ်ထားလောက်အောင် အရမ်းများပါတယ်။ သေဆုံးသွားကြတဲ့ အနုပညာရှင် အများစုဟာ စိတ်ဒဏ်ရာရရှိပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတာဖြစ်ပါတယ်။ အဲဒီထဲကမှ လူသိပ်မသိဘဲ ဆုံးပါးသွားရတဲ့ အသက် ၂၀ ကျော် အရွယ်တောင်ကိုရီးယား အနုပညာရှင်တွေကို ဖော်ပြပေးသွားပါမယ်။

1) Lee Eun Joo (1980 - 2005)

Google

တောင်ကိုရီးယားမင်းသား Lee Eun Joo ဟာဆိုရင် အသက် ၂၄ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ ဆုံးပါးသွားခဲ့တဲ့သူဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာ ဆုံးပါးသွားခဲ့တာ ဖြစ်တာကြောင့် Lee Eun Joo ဆုံးပါးသွားခဲ့တာ ကို နှမြောခဲ့ကြတဲ့ ပရိသတ်တွေ အများကြီးပဲ ဖြစ်ပါတယ်။

Google

စုံစမ်းစစ်ဆေးမှုတွေအရ Lee Eun Joo ဟာ The Scarlet Letter ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ ဝတ်လစ်စလစ် အခန်းတစ်ခန်းကြောင့် အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google

2) U;Nee (1981 - 2007)

Google

U;Nee လို့ လူသိများတဲ့ တောင်ကိုရီးယား အဆိုတော် ၊ သရုပ်ဆောင်လေး Lee Hye Ryeon ဟာဆိုရင် ၂၀၀၇ ခုနှစ်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်။

Lee Hye Ryeon ရဲ့ အဖေဖြစ်သူဟာလည်း သူမ ငယ်ငယ်ကတည်းက ဆုံးပါးခဲ့တာဖြစ်ပါတယ်။ ခက်ခဲလွန်းလှတဲ့ ဘဝကို ရရှိခဲ့တဲ့ Lee Hye Ryeon ဟာဆိုရင် မျက်နှာခွဲစိတ်မှု ပြုလုပ်ထားတယ်ဆိုပြီး ဝေဖန်ခံရမှုတွေကို ပြင်းထန်စွာ ခံရပြီးတဲ့နောက်မှာ စိတ်ကျရောဂါ ရပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်။ သေဆုံးခဲ့ချိန်တုန်းက သူမရဲ့ အသက်က ၂၅ နှစ်ပဲရှိပါသေးတယ်။

Google

3) Jeong Da Bin (1980 - 2007)

Google

တောင်ကိုရီးယား မင်းသမီး Jeong Da Bin ဟာဆိုရင်လည်း ငယ်ရွယ်တဲ့ အသက် ၂၆ နှစ်အရွယ်မှာ သေဆုံးခဲ့တဲ့ သူဖြစ်ပါတယ်။ Jeong Da Bin ကို ၂၀၀၇ ခုနှစ်တုန်းက သူမ ချစ်သူကောင်လေးရဲ့ ရေချိုးခန်းထဲမှာ သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Google

Jeong Da Bin သေဆုံးခဲ့တဲ့ ပုံစံက ဆွဲကြိုးချပြီး သေဆုံးတဲ့ ပုံစံဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တဲ့ အမှုလို့ပဲ ယူဆခဲ့ကြပါတယ်။ Jeong Da Bin မသေဆုံးခင်အချိန်မှာ အွန်လိုင်းပေါ်က ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ အများကြီး ခံခဲ့ရပါတယ်။ ဒါကြောင့် Jeong Da Bin ဟာ တိုက်ခိုက်မှုတွေကြောင့် စိတ်ကျရောဂါရပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။သေဆုံးသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဖြစ်တဲ့ သူမသိ သူမသိ တစ်ချိန်တစ်ခါကတောင်ကိုရီးယား မင်းသမီးတွေ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။