သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာဆိုရင် ချစ်ဖို့ကောင်းပြီး သရုပ်ဆောင်ကောင်းလွန်းလှတဲ့သူအဖြစ် လူသိများသူလေးဖြစ်ပါတယ်။ ညိုချောလေးအဖြစ် လူအများရဲ့အချစ်ကို သိမ်းကြုံးရရှိထားတဲ့ အေးဝတ်ရည်သောင်းဟာဆိုရင် မကြာသေးမီကမှ ချစ်ရသူနဲ့ ပူပူနွေးနွေးလေး လက်ထပ်ထားတာဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက သူမရဲ့တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲလိုလို တင်ပေးလေ့ရှိပြီး တစ်နေ့တာ လှုပ်ရှားမှု အကြောင်းလေးတွေကိုလည်း ပရိသတ်တွေဆီကို အမြဲ ချပြပေးလေ့ရှိတဲ့သူ ဖြစ်ပါတယ်။

Aye Thaung's Facebook
Aye Thaung's Facebook
Aye Thaung's Facebook

ပျော်ပျော်နေတတ်ပြီး ဟာသလေးတွေ လုပ်တတ်တဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်းက သူမရဲ့ ဖခင်ကြီးကိုလည်း အရမ်းချစ်တဲ့သူဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မအေးသောင်းက ဆေးရုံတတ်ပြီး ခွဲစိတ်ကုသမှု ခံယူနေရတဲ့ ဖခင်ကြီးကို ဘေးနားကနေ အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတဲ့ ပုံရိပ်လေး ဝေမျှပေးလာခဲ့ပါတယ်။ မအေးသောင်းရဲ့ ဖခင်ကြီးက သည်းခြေအိတ်ကျောက်တည်နေတာလို့ သိရပြီး ဒီကနေ့မှာ ခွဲစိတ်ကုသမှု အောင်မြင်သွားခဲ့တာဖြစ်ပါတယ်။

Aye Thaung's Facebook

ဖခင်ကြီးကို အနီးကပ် ပြုစုစောင့်ရှောက်မှုပေးနေတဲ့အကြောင်းကို သရုပ်ဆောင်အေးဝတ်ရည်သောင်းက အခုလိုလေး ပြောလာခဲ့ပါတယ်။

“သမီးကိုဓာတ်ပုံလှလှလေးတွေ အမြဲရိုက်ပေးတဲ့ ဖေဖေ

သမီးနဲ့ထပ်ချပ်မကွာအမြဲရှိတဲ့ဖေဖေ

သည်းခြေအိတ်ယောင်ပြီးကျောက်တည်လို့ ဒီနေ့မနက်

အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ကုသပြီးပါပြီ။

ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်???

ဆုတောင်းပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်းကျေးဇူးတင်ပါတယ်။ ???”

Aye Thaung's Facebook

မအေးသောင်းရဲ့ ဖခင်ကြီး နေကောင်းကျန်းမာရှိတယ်ဆိုတဲ့ သတင်းလေးကို ကြားသိရတဲ့အတွက် တကယ်ကို ဝမ်းသာပျော်ရွှင်မိပါတယ်နော်။ မကျန်းမာတဲ့ ဖခင်ကြီး အနားမှာ အနီးကပ် ပြုစုစောင့်ရှောက်မှုပေးနေတဲ့ သမီး အလိမ္မာလေး မအေးသောင်းရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။