GOT7 အဖွဲ့ဝင် JAY B  ဟာဆိုရင် Special effects ပညာရှင်မလေး PURE.D (Kim Do Hyun) နဲ့ တရားဝင်တွဲနေပြီဖြစ်ကြောင့် ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ ကြေညာလိုက်ပြီပဲ ဖြစ်ပါတယ်။  နှစ်ဦးသား တွဲနေကြပြီဆိုတဲ့ သတင်းကိုနှစ်ဖက် အေဂျင်စီဘက်ကနေ အတည်ပြုပေးခဲ့တာဖြစ်ပြီး တွဲနေတာ ၉ လတောင် ရှိသွားပြီလို့ သိရပါတယ်။ 

Google
Google
Google


၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ GOT7 အဖွဲ့ဝင် JAY B ဟာ Dream High 2 ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အဖြစ်နဲ့ပွဲဦးထွက်ခဲ့ပြီး duo JJ ပရောဂျက်မှာလည်း ပါဝင်ဖူးတဲ့ သူဖြစ်ပါတယ်။ JAY B ဟာ JYP အင်တာတိန်းမန့်ကနေလမ်းခွဲပြီးတဲ့နောက်မှာ H1GHR MUSIC နဲ့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ 

Google

PURE.D  ဟာဆိုရင်လည်း ၁၉၉၂ ခုနှစ်မှာမွေးဖွားခဲ့တဲ့သူဖြစ်ပြီး ရုပ်ရှင် ဇာတ်လမ်းတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍဖြစ်တဲ့ Special Effects ပညာရှင်အဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ PURE.D ဟာ subscriber ၄ သိန်းကျော်ရှိတဲ့ YouTube Channel ကို ပိုင်ဆိုင်ထားပြီး YouTube လောကမှာ နာမည်ကြီးတစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူ ဖြစ်ပါတယ်။ 

Google

နှစ်ယောက်စလုံးက တစ်ယောက်နယ်ပယ်ဆီမှာ တစ်ယောက် အောင်မြင်ကျော်ကြားနေတဲ့ သူတွေ ဖြစ်တာကြောင့်ပရိသတ်တွေက များစွာ သဘောတူထားကြပါတယ်။  

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။