သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းဟာဆိုရင် ကလေး နှစ်ယောက် အမေ ဖြစ်ပေမယ့် ကျစ်လစ်ပေါ့ပါး သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူလေးဖြစ်ပါတယ်။ အဆိုတော် တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်တဲ့ နန်းမြတ်ဖြိုးသင်းဟာ မိခင်တစ်ယောက်အနေနဲ့လည်း အရမ်းကို တာဝန်ကျေလွန်းတဲ့သူလေး ဖြစ်ပါတယ်။

Nan Myat Phyo Thin's Facebook
Nan Myat Phyo Thin's Facebook

နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဟာ ကိုဗစ်ကာလတုန်းက ဆုံးပါးသွားခဲ့တာဖြစ်တာကြောင့် နန်းမြတ်က သူမရဲ့ ကလေးလေး နှစ်ယောက်ကို Single Mother အဖြစ်နဲ့တစ်ယောက်တည်း ကြိုးစားစောင့်ရှောက်နေခဲ့တာဖြစ်ပါတယ်။

Nan Myat Phyo Thin's Facebook

နန်းမြတ် ဖြိုးသင်းရဲ့ သားလေးနဲ့သမီးလေး နှစ်ယောက်ဖြစ်တဲ့ ဂျူးဂျူးနဲ့ ဂျက်ဂျက် လေးကိုလည်း ပရိသတ်တွေက အသည်းလှုပ်အောင် ချစ်ကြပါတယ်။ နန်းမြတ်က သူမ သားသမီးလေးတွေရဲ့ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို တင်ပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း နန်းမြတ်က သူမရဲ့ အလုပ်စားပွဲပေါ်မှာ အခန့်သားထိုင်နေတဲ့ ချစ်စရာ သမီးလေး ဂျူးဂျူးရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပေးလာပါတယ်။ 

Nan Myat Phyo Thin's Facebook
Nan Myat Phyo Thin's Facebook
Nan Myat Phyo Thin's Facebook
Nan Myat Phyo Thin's Facebook

မေမေ နန်းမြတ်ဖြိုးသင်းရဲ့ ချစ်စရာသမီး အငယ်လေး ဂျူးဂျူးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။