တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် အသက် ၄၁ နှစ်ရှိနေပြီဖြစ်ပေမယ့် နုပျိုနေဆဲ ချောမောနေဆဲ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ မမ ဆောင်းဟေကိုက ပွဲအခန်းအနားတွေ တက်ရောက်ဖို့အတွက် ပဲရစ်မြို့ကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

Instagram

အိမ်ထောင်ကွဲပြီးနောက်မှာ စိတ်သစ်လူသစ် ဘဝအသစ်နဲ့ လွတ်လပ်ပျော်ရွှင်စွာနေထိုင်နေတဲ့ မမ ဆောင်းဟေကိုရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားလျက်ရှိပါတယ်။ ပွဲအခန်းအနားဓာတ်ပုံလေးတွေသာ မက အပြင်မှာ ပေါ့ပေါ့ပါးပါးလျှောက်လည်နေတဲ့ ပုံရိပ်လေးတွေကအစ နုပျိုလွန်းနေတာကြောင့် အသက် ၄၀ ကျော်အရွယ် မမ ဆောင်းဟေကိုရဲ့ ကံဇာတာက အံ့အားသင့်ဖို့ကောင်းလွန်းနေပါတယ်နော်။

Instagram

မကြာသေးမီကဇူလိုင်လ ၆ ရက်နေ့မှာလည်း မမ ဆောင်းဟေကိုက Crop Top တီရှပ်လေးကို ဂျက်ကပ်လေးနဲ့ ဂျင်းဘောင်းဘီလေးတွဲပြီး ဝတ်ဆင်ထားတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့ပါတယ်။ ဓာတ်ပုံလေးကို တင်ပြီးပြီးချင်း အချိန်ခဏ အတွင်းမှာပဲ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝရရှိခဲ့ပါတယ်။

Instagram
Instagram

မမ ဆောင်းဟေကိုရဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်ပုံရိပ်လေးတွေကို တစ်ပုံချင်း ဝင်ကြည့်သွားလိုက်ပါဦးနော်။ ဆောင်းဟေကိုဟာဆိုရင် လက်ရှိမှာ The Glory ဆိုတဲ့ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းပြီး ဆယ်ကျော်သက်လေးတစ်ယောက်လို နုပျိုနေတဲ့ မမ ဆောင်းဟေကိုရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။