၂၀၀၇ ခုနှစ်မှာ ရေပန်းစား ခဲ့တဲ့ ကော်ဖီချစ်သူ (Coffee Prince) ဇာတ်လမ်းတွဲဟာ ၂၀၀၀ ပြည့်နှစ်တွေမှာ  အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခု အဖြစ် ရပ်တည်ခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ 

Google 

ကော်ဖီချစ်သူဇာတ်လမ်းတွဲဟာ တောင်ကိုရီးယားမင်းသား Gong Yoo ကို စူပါစတားတစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဆိုလည်း မမှားပါဘူး ။ ကော်ဖိီချစ်သူဇာတ်လမ်းတွဲထဲမှာ အဓိက သရုပ်ဆောင် အဖြစ် ပါဝင်ဖို့အတွက် အရင်ဆုံး ကမ်းလှမ်းခြင်း ခံခဲ့ရတဲ့သူကတော့ Gong Yoo ကို မဟုတ်ပါဘူး။

Google

 ဒါရိုက်တာ Lee Yoon Jung က မင်းသား Chun Jung Myung ကို အရင်ဆုံး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

Google

 ဒါပေမယ့်လည်း အကြောင်းအရင်းနှစ်ခုကြောင့် Chun Jung Myung က ကော်ဖီချစ်သူဇာတ်လမ်းတွဲမှာ မပါဝင်ဖြစ်ခဲ့ပါဘူး။  ဒါကြောင့် Gong Yoo က Chun Jung Myung  နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

Google

မပါဝင်ဖြစ်ရတဲ့ ပထမတစ်ချက်ကတော့ အဲဒီအချိန်က Chun Jung Myung က   “Hansel and Gretel” ဇာတ်လမ်းအတွက် အလုပ်များနေပြီး အချိန်ဇယား ပြည့်နေတာကြောင့် ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ဒါရိုက်တာကြီးရဲ့ ဒုတိယ ရွေးချယ်မှုဖြစ်တဲ့ Gong Yoo ကို ချက်ချင်းကမ်းလှမ်းခဲ့တဲ့ အချိန်မှာ အဆင်ပြေခဲ့တာကြောင့်လို့ သိရပါတယ်။ 

Google

ကော်ဖီချစ်သူ ဇာတ်လမ်းတွဲ ရိုက်ကူးအပြီးမှာ Chun Jung Myung တစ်ယောက် “Heart to Heart” ဇာတ်လမ်းတွဲနဲ့အတူ ဒါရိုက်တာကြီး Lee Yoon Jung နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။   Chun Jung Myung ဟာ “Cinderella's Sister”၊ “Love Alert” နဲ့ “The Master of Revenge” တို့လိုမျိုး ထင်ရှားကျော်ကြားတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်လည်း သူ့ရဲ့ကျော်ကြားမှုက မီဂါကြယ်ပွင့် Gong Yoo ရဲ့အောင်မြင်မှုတွေကို လိုက်မမှီခဲ့ပါဘူး။ 

Google
Google

မီဂါဆုရှင် Gong Yoo ဟာ ကော်ဖီချစ်သူဇာတ်လမ်းတွဲကြောင့် လူသိများအောင်မြင်ခဲ့တာတော့ ငြင်းလို့ မရဘူးပဲဖြစ်ပါတယ်။ ကော်ဖီချစ်သူ ဇာတ်လမ်းတွဲကို ငြင်းဆန်ခဲ့မိလို့ Chun Jung Myung ကိုယ်တိုင်လည်း နောင်တရတဲ့အကြောင်းကို ..

Google

"ကော်ဖီချစ်သူဇာတ်လမ်းတွဲကို ငြင်းဆန်ခဲ့တဲ့ ဖြစ်ရပ်က ကျွန်တော့် ဘဝတစ်ခုလုံးအတွက် နောင်တရစရာ ဖြစ်ရပ်ကြီး တစ်ခုပါ။ Gong Yooo ကို လည်းတောင်းပန်ပါတယ် .. အခုပြောနေတာတွေက ကျွန်တော့်ရဲ့ ခံစားချက်အစစ်အမှန်ပါပဲ” လို့ ပြောထားပါတယ်။ 

Google

ဆုံးဖြတ်ချက်အမှားတစ်ခုကို တစ်သက်လုံးရင်ထဲမှာ နောင်တရကျန်ရစ်နေခဲ့တဲ့ တောင်ကိုရီးယားမင်းသား Chun Jung Myung ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။