ဆေးကျောင်းသူလေး ပိုးမမှီသာကတော့ Sai Sai ရဲ့ သိင်္ဂါရ သီချင်း Mtv မှာစတင် နာမည်ရလာပြီး ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပိုးမမှီသာ လေးကတော့ အနုပညာနယ်ပယ်ထဲမှာ ရောက်ရှိလာတဲ့ မကြာသေးပေမယ့် သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။


ပိုးမမှီသာ က ကြော်ငြာတွေများစွာအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပါဝင်သရုပ်ဆောင် လာတာကို တွေ့ရပါတယ်။ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကြော်ငြာတွေကိုသာ လက်ခံရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ပုံစံတွေနဲ့ မတူဘဲ ထူးထူးဆန်းဆန်းဖြစ်အောင် ခရုလေးနဲ့ ပုံလေးတွေရိုက်ထားတာပဲ ဖြစ်ပါတယ်။

ခရုလေးတွေ နှစ်ကောင်က ပိုင်တံခွန်က မွေးထားတဲ့ အချစ်တော်လေး နှစ်ကောင်ကို ငှားပြီး ရိုက်ထားတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာ က ပိုင်တံခွန်ရဲ့ ခရုလေးနဲ့ ဓာတ်ပုံအမိုက်စားတွေရိုက်ကူးလိုက်တဲ့အကြောင်းကို " Snail snail all the way ?" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။





သတင်းအရင်းမြစ်: Poe Mamhe Thar's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။