တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ဟာဆိုရင် ချစ်သူကောင်လေးနဲ့ လက်ထပ်ဖို့ မစီစဉ်ခဲ့စဉ်ကတည်းက လီမင်ဟိုနဲ့ ထူးခြားတဲ့ ဆက်ဆံရေးရှိခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက အရမ်းကိုချစ်ကြတဲ့ အနုပညာရှင်မောင်နှမတွေ ဖြစ်ပါတယ်။ ဘယ်လောက်ထိ ချစ်ကြလဲဆိုရင် လီမင်ဟိုရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပုံအတူတူတွဲတင်ဖူးတဲ့ တစ်ဦးတည်းသော တောင်ကိုရီးယား မင်းသမီးက မမ Gong Hyo Jin ပဲ ဖြစ်ပါတယ်။

Google

ဒီပုံလေးတွေကို မင်းသား Lee Min Ho က သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဇွန်လ ၃ ရက်နေ့က “ လှပတဲ့ Gong .. ဆရာမလေး Gong” ဆိုတဲ့ စာသားလေးနဲ့ တွဲတင်ပေးထားတာဖြစ်ပါတယ်။ ဓာတ်ပုံလေးတင်ထားတာ ကြာခဲ့ပြီဆိုပေမယ့် လီမင်ဟိုဘက်ကနေ ပထမဦးဆုံး ပုံတင်ပေးဖူးတဲ့ မိန်းကလေးဖြစ်တာကြောင့် ဓာတ်ပုံလေးက လူစိတ်ဝင်စားမှု မြင့်တက်လျက်ရှိပါတယ်။

Instagram
Instagram
Instagram
Instagram

လီမင်ဟို တင်ထားတဲ့ ပုံလေးတွေက Gong Hyo Jin နဲ့ မင်းသားလီမင်ဟိုတို့က ‘Ask the Stars’ ဇာတ်လမ်းတွဲ ရိုက်ကွင်းမှာ ဓာတ်ပုံ အတူတူတွဲ ရိုက်ထားကြတဲ့ ပုံလေးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပုံရိပ်က လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း လူပျိုကြီး လီမင်ဟိုက ပထမဦးဆုံး ကောင်မလေးနဲ့ ဓာတ်ပုံလေးတွေ တွဲတင်တယ်ဆိုတော့ အရမ်းကို စိတ်ဝင်စားခဲ့ကြပါတယ်။ တောင်ကိုရီးယား လီမင်ဟိုနဲ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မင်းသမီး Gong Hyo Jin ရဲ့ အကြောင်းကို အားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။