တောင်ကိုရီးယား အနုပညာလှုပ်ရှားမှုနယ်ပယ်ဟာဆိုရင် ထင်ထားသလောက် ရိုးရှင်းမှုမရှိတဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိရင် လွယ်သလောက် ကျဆုံးမှုတွေရရှိရင်လည်း နာမည် ပြန်ဆယ်လို့မရတဲ့ တောင်ကိုရီးယားအနုပညာလှုပ်ရှားမှု နယ်ပယ်ကြီးထဲမှာ အထိအခိုက်မခံနိုင်တဲ့ ဖြစ်ရပ်တွေဟာ တော်တော်လေးကြောက်ဖို့ကောင်းလွန်းလှပါတယ်။ ကံကောင်းထောက်မစွာနဲ့ နာမည်ဆိုးကြီးကနေ ပြန်လွတ်လာတဲ့သူတွေရှိသလို နာမည်ဆိုးကနေ မလွတ်နိုင်ဘဲ ဆိုးရွားမှုတွေကြားမှာ လှောင်ပိတ်နေတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီထဲကမှ ပရိသတ်တွေ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့ အမှားကို ကျူးလွန်ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင် ၃ ယောက်ကို ဖော်ပြပေးသွားပါမယ်နော်။

Kang Ji-Hwan

Google
Google

Kang Ji-Hwan ဟာဆိုရင် နာမည်ကြီး တောင်ကိုရီးယား ဇာတ်လမ်းတွဲဖြစ်တဲ့ Joseon Survival မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ပါတယ်။ Kang Ji-Hwan ပါဝင်သရုပ်ဆောင်ထားတဲ့ အခြား ဇာတ်လမ်းတွဲတွေလည်း အများကြီးပဲဖြစ်ပါတယ်။  Kang Ji-Hwan ဟာ အမျိုးသမီးတစ်ယောက်ကို အိပ်နေတဲ့အချိန်မှာ လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး ၂၀၁၉ ခုနှစ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအချိန်က Joseon Survival ဇာတ်လမ်းတွဲ ပြသနေတဲ့အချိန်ဖြစ်တာကြောင့် ထုတ်လွှင့်ပြသနေတဲ့ အပိုင်းကို ဆက်ပြီးမလွှင့်ဖြစ်ခဲ့ပါဘူး ။ Kang Ji-Hwan အတွက် အစားထိုးဖို့ မင်းသား နောက်တစ်ယောက်ကို ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

Google

ဒီပြစ်မှုက Kang Ji-Hwan အတွက်ပထမဦးဆုံး ပြစ်မှုမဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ် တုန်းက ဖိလစ်ပိုင်နိုင်ငံ ခရီးမှာလည်း Kang Ji-Hwan တစ်ယောက် ဖိလစ်ပိုင် အမျိုးသမီးနဲ့ အိပ်ရာပေါ်မှာ အိပ်နေတဲ့ ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့လာခဲ့ပါတယ်။ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ Kang Ji-Hwan တစ်ယောက် ထောင်ဒဏ် ၂ နှစ်နဲ့၆လ ကျခံခဲ့ရပါတယ်။

Park Yoo-chun

Google

သရုပ်ဆောင်  အဆိုတော် Park Yoo-chun ဟာလည်း တစ်ချိန်တစ်ခါက အောင်မြင်တဲ့သူဖြစ်ခဲ့ပေမယ့် ပြန်မဆယ်နိုင်လောက်အောင် နာမည်ကျဆင်းခဲ့တဲ့သူဖြစ်ပါတယ်။ Park Yoo-chun ကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးခံခဲ့ပြီးနောက်မှာ ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရပြီး ဒဏ်ကြေးအနေနဲ့ အမေရိကန်ဒေါ်လာ ၁၆၂၇ အထိ ကျခံခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ရပါတယ်။

Google
Google
Google

Jung Joon-young

Google

Jung Joon-young ဟာဆိုရင် အဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အမျိုးသမီးတွေအများကြီးကို လိင်အသားပေး ဗီဒီယိုတွေ ရိုက်ကူးပြီး အွန်လိုင်း Chat ထဲကို ပို့ခဲ့တာကြောင့် ရစရာမရှိအောင် နာမည်ပျက်ခဲ့ရတဲ့သူဖြစ်ပါတယ်။ Jung Joon-young ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေထဲမှာ မိန်းကလေးတွေရဲ့ လိင်အသားပေးဓာတ်ပုံတွေကို group chat ထဲပို့ခြင်း ၊ မုဒိန်းနဲ့ပတ်သတ်ပြီး ဟာသတွေ ပြုလုပ်ခြင်းနဲ့ မိန်းကလေးတွေကို ဆေးခပ်ခြင်းတို့ ပါဝင်ပါတယ်။ Jung Joon-young ဟာ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရပြီး သူ့ကို ပရိသတ်တွေက အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီမှာ ဘယ်တော့မှ ပြန်ပြီး လက်မခံခဲ့ကြတော့ပါဘူး။

Google
Google

ပရိသတ်တွေ ဘယ်တော့မှ လက်မခံနိုင်တဲ့ အမှားကို ကျူးလွန်ခဲ့တာကြောင့် အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီကနေ လုံးဝ ပျောက်ကွယ်သွားရတဲ့ တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်တွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။