IRRIS အဖွဲ့ရဲ့ ပွဲဦးထွက်ကို မင်းသား လီဗြောင်ဟွန်းက ကော်ဖီထရပ်ကားနဲ့ အားပေးခဲ့ပါတယ်။ ဇူလိုင် ၆ ရက်နေ့ နံနက်ပိုင်း ဆိုးလ်၊ Jangchung-dong ရှိ Crest 72 မှာ IRRIS ရဲ့ ပထမဆုံး မီနီအယ်လ်ဘမ် “WANNA KNOW” ထွက်ရှိခြင်း အထိမ်းအမှတ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

ပွဲရဲ့အဝင်ဝမှာတော့ လီဗြောင်ဟွန်းပေးပို့ခဲ့တဲ့ ကော်ဖီထရပ်ကားတစ်စီးက လူတွေရဲ့အာရုံစူးစိုက်မှုကို ဆွဲဆောင်နေခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ လီဗြောင်ဟွန်းဟာ IRRIS အေဂျင်စီက တာဝန်ရှိသူတစ်ဦးနဲ့ ကာလကြာရှည်တဲ့ ဆက်ဆံရေးရှိနေပြီး IRRIS နဲ့နာမည်တူတဲ့ “Iris” ဒရာမာ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် IRRIS အဖွဲ့ဝင် I.L က Lee Byung-hun ရဲ့ဇနီး Lee Min-jung ပါဝင်သရုပ်ဆောင်မယ့် “Villains” ဒရာမာဇာတ်ကားမှာ ပါဝင်မှာဖြစ်ပါတယ်။ IRRIS ဆိုတာက I.L၊ Nina၊ Yunseul နဲ့ Liv တို့ ပါဝင်တဲ့ အဖွဲ့ဝင် ၄ ယောက်ပါ မိန်းကလေးအဖွဲ့ဖြစ်ပါတယ်။ အဖွဲ့အမည် "IRRIS" ဟာ ဂရိစကားလုံး "Ἶρις" ကို အခြေခံထားပြီး အတွင်းစိတ်ဝိညာဉ်တွေကို လင်းလက်တောက်ပစေတဲ့ နတ်သမီးများလို့ အဓိပ္ပါယ်ရပါတယ်။

ခေါင်းစီးသီချင်းဖြစ်တဲ့ “WANNA KNOW” သီချင်းကို နိဒါန်းမှစတင်ပြီး ဒိုင်းနမစ်ရစ်သမ်တွေနဲ့အတူ စွဲမက်ဖွယ်ကောင်းတဲ့ သံစဉ်တွေပေါင်းစပ်ထားပါတယ်။ သီချင်းမှာ အရာအားလုံးကို ပေးကာ ချစ်ခဲ့ရတဲ့ အခြားသူတစ်ဦးရဲ့ စိတ်ပျက်မှုကို လိမ္မာပါးနပ်စွာ ဖော်ပြထားပါတယ်။

IRRIS ရဲ့ ပထမဆုံး မီနီအယ်လ်ဘမ် “WANNA KNOW” ကိုတော့ ဒီနေ့ ညနေ ၆ နာရီမှ စတင်ပြီး အွန်လိုင်း တေးဂီတဆိုက်များမှတစ်ဆင့် ဖြန့်ချိမှာပဲဖြစ်ပါတယ်။

source - kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။