အောင်မြင်တွေမြင့်မားစွာ ရရှိထားတဲ့ ထိုင်း BL ဇာတ်လမ်းတွဲ KinnPorsche The Series မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်လေး Build Jakapan Puttha ဟာဆိုရင် အောင်မြင်မှုတွေ အထွတ်အထိပ်ကို ရောက်ရှိနေတဲ့အချိန်မှာ ဆွဲချခံလိုက်ရတဲ့သူဖြစ်ပါတယ်။ Build Jakapan Puttha က လက်ရှိမှာ နာမည်ကြီးနေတဲ့ BL ဇာတ်လမ်းတွဲဖြစ်တဲ့ KinnPorsche The Series ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ပြီး တစ်ကားဆိုတစ်ကား အောင်မြင်မှု ရခဲ့တာကြောင့် ပရိသတ်တွေက သူ့ရဲ့ စန်းကို များစွာ ချီးကျူးအားကျနေခဲ့ကြတာပါ။

Google
Google

ဒါပေမယ့်လည်း အသက် ၂၀ အရွယ်တုန်းက Build Jakapan Puttha ရဲ့ မိန်းကလေးများရဲ့ ဝတ်စားဆင်ရင်မှုအကြောင်းကို လှောင်ပြောင်ထားခဲ့ဖူးတဲ့ Status များဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်လည် ပျံ့နှံ့လာခဲ့တာကြောင့် Build ရဲ့နာမည်ဟာ ဆွဲကျလိုက်သလိုမျိုး အရှိန် အဟုန်နဲ့ ကျဆင်းသွားခဲ့ရပါတယ်။

Google
Google
Twitter

တစ်ချိန်တစ်ခါတုန်းက မှားခဲ့ဖူးလုပ်ရက်အတွက် Build ကိုယ်တိုင် လက်ရေးနဲ့တစ်မျိုး စာနဲ့တစ်ဖုံ သေသေချာချာတောင်းပန်ခဲ့ပေမယ့်လည်း အနုပညာ လှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်ခွင့်  ရပ်နားခံလိုက်ရပါတယ်။ တနင်္လာနေ့ ၊ ဇူလိုင်လ ၄ ရက်နေ့တုန်းက အေဂျင်စီ Be On Cloud ဘက်ကနေ Build ရဲ့ တရားဝင် လှုပ်ရှားမှုတွေ အားလုံးကို ရပ်နားပစ်လိုက်တော့မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Twitter
Google
Google
Google

ပရိသတ်တွေ အများကြီး တခဲနက် ရရှိပိုင်ဆိုင်ထားတဲ့အချိန်မှာ အတိတ်က လုပ်ဆောင်ခဲ့တဲ့ မပြောပလိုက်တဲ့ အမှားတစ်ခုကြောင့် နာမည်ဆွဲချခြင်း ခံလိုက်ရတာကြောင့် Build ရဲ့ ပရိသတ်တွေကလည်း Build အတွက် များစွာ စိတ်မကောင်း ဖြစ်နေကြပါတယ်။ ကံကောင်းတာနဲ့ ကံဆိုးတာကို တစ်လှည့်စီ ခံနေရတဲ့ ထိုင်း BL သရုပ်ဆောင်လေး Build တစ်ယောက် နာမည်ကျဆင်းသွားရတဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။