တောင်ကိုရီးယားနာမည်ကျော် ယောကျာ်းလေးများ အဆိုတော် အဖွဲ့ဖြစ်တဲ့ Kim Taehyung ဟာဆိုရင် CELINE ရဲ့ ဖက်ရှင်ရှိုးပွဲကို တက်ရောက်ဖို့အတွက် ပဲရစ်ကိုရောက်ခဲ့တုန်းက တစ်ရက်တည်းကို မြန်မာငွေ သိန်း၂၅၀ ( အမေရိကန်ဒေါ်လာ ၁၃၁၀၀ ) တန်ကြေးရှိတဲ့ ကြယ်ငါးပွင့် ဟိုတယ်မှာ တည်းခဲ့တယ်လို့ သိရပါတယ်။

Google

တန်ဖိုးမြင့်ဟိုတယ်ကြီးမှာ ရိုက်ကူးထားတဲ့ Kim Taehyung ရဲ့ အင်စတာဂရမ် ပိုစ့်အောက်မှာလည်း Netizen တွေက .. “ငါတို့အတွက် ၁၇ ဝမ်သန်း ဆိုပေမယ့် V အတွက်က ဝမ် ၁၇၀၀၀ လောက်ပဲရှိတယ်”.. “ဝေါင်း .. မိုက်လိုက်တာဟယ်” .. “ဟိုတယ်မြင်ကွင်းကြီးက ကောင်းလိုက်တာဟယ် .. မနာလိုဖြစ်မိတယ်”  ..စတဲ့ အံ့သြမှင်သက်မိတဲ့ မှတ်ချက်တွေ အများကြီးပေးထားကြပါတယ်။

Instgram
Instgram

ဒီအကြောင်းအရာကို Kim Taehyung ကိုယ်တိုင် က သူ့ရဲ့ လူမှုကွန်ရက် အင်စတာဂရမ် စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ Kim Taehyung တင်ထားခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ လှပလွန်းလှတဲ့ ရှုခင်းတွေနဲ့ အီဖယ်တာဝါကြီးရဲ့ အံ့သြမှင်သတ်စရာ မြင်ကွင်းတွေကို ထင်ရှားပေါ်လွင်စွာ တွေ့မြင်ရပါတယ်။

Instgram
Instgram
Instgram

ရှာဖွေလေ့လာမှုတွေအရ Kim Taehyung က တစ်ရက်တည်းနဲ့ကို မြန်မာငွေကျပ် သိန်းပေါင်း ၂၅၀ တန်ဖိုးရှိတဲ့ ဟိုတယ်မှာ ၃ ရက်တိုင်တိုင်တည်းခိုခဲ့တာလို့ သိရပါတယ်။ တစ်ရက်ကို သိန်း ၂၅၀ ဆိုတော့ ၃ ရက်ကို သိန်းပေါင်း ၇၅၀ တောင်ဖြစ်သွားပါပြီနော် .. Kim Taehyung တို့ ကြွယ်ဝချမ်းသာချက်ကတော့ တကယ်ကို အံ့ဘနန်း စရာကောင်းလှပါတယ်။

Kim Taehyung တစ်ယောက် ဟိုတယ်ကို ရောက်ရှိနေတဲ့ ပုံရိပ်လေးတွေကို တင်ပြီးပြီးချင်းမှာပဲ Peninsular Hotel ကြီးလည်း အာရုံစိုက်ခံရမှု မြင့်တက်နေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။