တောင်ကိုရီးယားမင်းသမီး Lee Tae-im ဟာဆိုရင် တစ်ချိန်တစ်ခါက အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိထားခဲ့တာ မှန်ကန်ခဲ့ပေမယ့်လည်း Lee Tae-im က သာမန်ဘဝမှာပဲနေထိုင်ကာ ဘယ်တော့မှ အနုပညာလောကထဲကို ပြန်မဝင်တော့ဖို့ ဆုံးဖြတ်ခဲ့တဲ့သူဖြစ်ပါတယ်။ Lee Tae-im တစ်ယောက် နောက်ဆုံးအကြိမ် နှုတ်ဆက်ခဲ့တုန်းက အခက်အခဲတွေနဲ့ နာကျင်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရတာကြောင့် အနုပညာလှုပ်ရှားမှုတွေကို ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

Google

အနုပညာလှုပ်ရှားမှုတွေအားလုံးကနေ အနားယူသွားပြီဖြစ်တဲ့ ကြေညာချက်ကို Lee Tae-im က အောင်မြင်နေတဲ့ ဒရမ်မာ “Women of Dignity” ရိုက်ကူးအပြီး ၂ နှစ်အကြာမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Google
Google

လူတိုင်း လိုချင်နေတဲ့ အောင်မြင်မှုတွေက ဘယ်လောက်ထိများ ဆိုးရွားလွန်းလို့ Lee Tae-im တစ်ယောက် အခုလို ဆုံးဖြတ်ချက်ချရတာလဲဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ခဲ့ကြပါဘူး။ Lee Tae-im က ကြေညာချက်တွေကို ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီးနောက်မှာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အနုပညာလှုပ်ရှားမှုတွေဆီကို ပြန်မလာခဲ့တော့ပါဘူး။ ပရိသတ်တွေကို နောက်ဆုံး နှုတ်ဆက်စာ ရေးပြီးတဲ့နောက်မှာ အင်စတာဂရမ်စာမျက်နှာကိုပါ ပိတ်သိမ်းခဲ့တာကြောင့် Lee Tae-im ကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း ပြန်မတွေ့ခဲ့ရတော့ပါဘူး။

Google
Google

ရွေးချယ်ခဲ့တဲ့ အနုပညာ လမ်းကြောင်းကို နာနာကြည်းကြည်း စိတ်နာသွားခဲ့တဲ့ တောင်ကိုရီးယား မင်းသမီး Lee Tae-im ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

By Im Eun-byel ([email protected])

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။