တောင်ကိုရီးယား ယောကျာ်းလေးများ အဆိုတော်အဖွဲ့ U Kiss ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Eli Kim ဟာဆိုရင် မကြာသေးမီက  ကွာရှင်းထားတဲ့ အမျိုးသမီးဖြစ်သူနဲ့ ပြန်လည် ဆုံစည်းခဲ့တဲ့ သူဖြစ်ပါတယ်။ ကွာရှင်းပြီးနောက်မှာ အမေရိကားကို ထွက်သွားခဲ့တဲ့ Eli Kim ဟာ 'We Got Divorce 2' အစီအစဉ်နဲ့ ဇနီးဖြစ်သူနဲ့ သားဖြစ်သူဆီကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Ji Ji-soo
Ji Ji-soo


အချင်းချင်း သံယောဇဉ်တွေ ကျန်ရှိနေကြသေးတာကြောင့် Eli Kim တို့ မိသားစုလေးကို ပြန်များ ပေါင်းစည်းကြမလားလို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း မအောင်မြင်ခဲ့ကြတာကြောင့် ပရိသတ်တွေကလည်း များစွာ စိတ်မကောင်းဖြစ်နေကြပါတယ်။ 

Ji Ji-soo

ပရိသတ်တွေ အများကြီး ဝိုင်းဝန်း အားပေးခဲ့တဲ့အတွက် Jiyeon-soo က သူမရဲ့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပရိသတ်တွေကို ကျေးဇူး တင်ကြောင်း အခုလိုလေး ဆိုခဲ့ပါတယ်။ 

Ji Ji-soo

“အချစ်တွေ ပေးခဲ့တာအတွက်ရော ၊ စိတ်ဝင်စားမှု ပေးခဲ့တာအတွက်ရော ၊ ထောက်ပံ့ပေးခဲ့တာအတွက်ကိုရော အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း အများကြီးလေ့လာ .. အများကြီးခံစားခဲ့ရပြီး ငိုတာတွေရော ရယ်တာတွေရော အများကြီးလုပ်ခဲ့ပါတယ်။”

ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း စာလေးနဲ့အတူ သားဖြစ်သူလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးထားတဲ့ ပုံလေးတွေကိုပါ တင်ပေးလာတာကြောင့် သားအမိ နှစ်ယောက်ရဲ့ ပုံလေးတွေ က နာမည်ကြီးနေပါတယ်။ 

Ji Ji-soo

Jiyeon-soo က သူမထက် ၁၁ နှစ်ငယ်တဲ့ U-Kiss အဖွဲ့ဝင် Eli နဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့သူ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ကွာရှင်းပြီးနောက်မှာ သားလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ခဲ့တဲ့ Jiyeon-soo ဟာ လက်ရှိမှာတော့ Single Mother အဖြစ် ရပ်တည်လျက်ရှိပါတယ်။ 

Photo = Ji Ji-soo's Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။