လတ်တလော MRTV-4 မှာ ထုတ်လွှင့်ပြသဆဲဖြစ်တဲ့ "ဒေါင်းယာဉ်ပျံဘုံ နဘေးမှာ စာရေးလိုထားချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ ပရိတ်သတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘောကျ အားပေးနေကြတာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ ပရိတ်သတ်ချစ် စုံတွဲလေး တစ်တွဲဖြစ်တဲ့ ဇော်မျိုးခန့် နဲ့ သဲဖြူလေးတို့ အတွဲကို ပရိသတ်က ချစ်ခင်နှစ်သက်နေကြပါတယ်။



ဇာတ်လမ်းထဲမှာတော့ သဲဖြူလေးက ဇော်မျိုးခန့်ကို တစ်ဖက်သတ်ကြိုက်နေကာ ဇော်မျိုးခန့် ဆိုးသမျှကို သည်းခံခွင့်လွှတ်ကာ လိုသမျှကို ဖြည့်ဆည်းပေးတဲ့ အဖြည့်ခံအချစ်လေးနေရာကနေ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။သဲဖြူလေးအဖြစ် သရုပ်ဆောင် နေရည်ဝင်းလဲ့ က ပါဝင်ပြီး ဇော်မျိုးခန့်နေရာမှာတော့ သာထက်ဉာဏ်ဇော်က ပါဝင်ထားကြတာ ဖြစ်ပါတယ်။



ပရိသတ်တွေ မြင်ချင်နေတဲ့ သူတို့ရဲ့ ရိုမန့်ဆန်ဆန်အတွဲပုံရိပ်လေးကို နေရည်ဝင်းလဲက "ဟိတ် ယူတို့
ကျေနပ်ကြပြီလား ??" လို့ ပရိတ်သတ်တွေကို စနောက်ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။






သတင်းအရင်းမြစ်: Nay Yee Win Lai (ေနရည္ဝင္းလဲ့)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။