ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိပြီလို့ ယူဆရတဲ့ ဝေလငါးတစ်ကောင်ရဲ့ အရိုးစုတွေကို ရှာတွေ့ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။ အဆိုပါ ဝေလငါးကို Bryde လို့ယူဆထားပြီး ဒီအရိုးစုတွေကို ဘန်ကောက်မြို့ အနောက်ဘက် စမွတ်စခွန်မြို့မှာ တွေ့ရှိခဲ့တာပါ။ ရှေးဟောင်း သုတေသီများရဲ့ ထုတ်ပြန်ချက်မှာတော့ ဝေလငါးရဲ့ အကြွင်းအကျန်များရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို တူးဖော်ထားနိုင်ခဲ့ပြီး ယခုအချိန်အထိ ကျောရိုးအပြည့်အစုံ ၁၉ ခု၊ နံရိုး ၅ ခု၊ ပခုံးဓားနှင့် ဆူးတောင်များကို ရှာဖွေတွေ့ရရှိထားတယ်လို့ ဆိုပါတယ်။  

Photo Credit – Ancient Archaeology
Photo Credit – Ancient Archaeology

တွေ့ရှိခဲ့တဲ့ အရိုးစုတွေကို ခန့်မှန်း တိုင်းတာကြည့်ခြင်းဖြင့် အဆိုပါ ဝေလငါးဟာ ၁၂ မိတာ ( ၃၉ ပေ) ထိရှည်လျားပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀၀၀ နှင့် ၅၀၀၀ ကြားမှာ ရှိလောက်မယ့်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် တွေ့ရှိခဲ့တဲ့ အရိုးစုတွေက  တစ်ကောင်လုံးအတိုင်းအတာတော့ မဟုတ်ပါဘူး။ ဉီးခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ ရရှိထားခဲ့ပေမယ့် ကျန်ရှိတဲ့ဖင်မြီးပိုင်းကိုတော့ မတွေ့ရှိသေးဘူးလို့ ဆိုပါတယ်။

Photo Credit – Ancient Archaeology
Photo Credit – Ancient Archaeology

 စင်ကာပူအမျိုးသားတက္ကသိုလ်မှ သုတေသနတစ်ဦးဖြစ်တဲ့ Marcus Chua က ယခုလိုရှာဖွေတွေ့ရှိမှုဟာ နှစ်ပေါင်း ၆၀၀၀ မှ နှစ်ပေါင်း ၃၀၀၀ ခန့်က ထိုင်းနိုင်ငံပင်လယ်ကွေ့မှာ ပင်လယ်ရေမျက်နှာပြင် အတော်လေးကြီးမားတဲ့ ပြောင်းလဲမှုရဲ့ သဲလွန်စအထောက်အထားများကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဆိုးရွားတဲ့ ရာသီဉတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ယခင်က ပင်လယ်ပြင်မှာ ကျက်စားနေထိုင်ခဲ့တဲ့ ရေနေသတ္တဝါ တောတော်များများဟာ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit – Ancient Archaeology

သတင်းအရင်းမြစ်: Source - Ancient Archaeology


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။