V လို့ လူသိများတဲ့ BTS အဖွဲ့ဝင် Kim Taehyung ဟာဆိုရင် ချောမောလှပပြီး ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့တုန်းက BTS အဖွဲ့ဝင် Kim Taehyung ရဲ့ ပုံရိပ်လေးတွေကို 'W Korea' မဂ္ဂဇင်းကနေ ထုတ်ပြခဲ့ပါတယ်။ 'W Korea' မဂ္ဂဇင်း အတွက် ပုံရိပ်လေးတွေကို Kim Taehyung က မျက်နှာမှာ မိတ်ကပ်မပါဘဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ မိတ်ကပ်မပါဘဲနဲ့တောင် ချစ်ဖို့ကောင်းပြီး ကြည့်လို့ကောင်းနေတာကြောင့် Kim Taehyung ရဲ့ အသားအရည်ကို Netizen တွေကတောင် အံ့အားသင့် ချီးကျူးနေကြပါတယ်။



ဓာတ်ပုံထဲမှာဆိုရင် မျက်နှာမှာ မိတ်ကပ်မလူးထားတဲ့ Kim Taehyung က အနီရောင် သားရေသား ဂျက်ကပ်ဝတ်စုံလေးနဲ့ အနက်ရောင် သားရေသားဘောင်းဘီလေးကို ဝတ်ဆင်ထားပြီး Rocker ကြီးတစ်ယောက်လို ဖြစ်နေပါတယ်။

မိတ်ကပ် မပါဘဲနဲ့တောင် အရုပ်လေးတစ်ယောက်လိုမျိုး ချောမောလှပတဲ့ Kim Taehyung ရဲ့ ပုံရိပ်လေးတွေကို Netizen တွေက “မိတ်ကပ်မပါဘဲနဲ့တောင် ချောမောနေတာ …” “V မှာ မျက်လုံးလှလှလေးတွေရှိတာပဲ .. သူမျက်လုံးလေး တစ်ခုနဲ့တင် မျက်နှာတစ်ခုလုံး ပြည့်စုံသွားတာ” “ဆံပင်လည်း မပြင်ထားဘူး .. မိတ်ကပ်လည်း မလိမ်းထားတာတောင် ဒီလောက်ချောမောနေတာ .. တကယ့်နတ်သားလေးပဲ” “V က မိတ်ကပ်မလိုဘူးလေ… မိတ်ကပ်ပါပါ မပါပါ သူက အရမ်းကြည့်ကောင်းတာ” စတဲ့ မှတ်ချက်တွေ အမြောက်အမြားပေးထားကြပါတယ်။
셀린 쇼장으로 가기 전, 뷔는 무엇을 했을까?#방탄소년단 #뷔 #셀린 #BTS #CELINEhttps://t.co/HKaqwiW2EO
— W Korea (@wkorea) July 1, 2022



မိတ်ကပ်မပါဘဲနဲ့တောင် ချောမောခန့်ညားလွန်းနေတဲ့ BTS အဖွဲ့ဝင် Kim Taehyung အကြောင်းကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။