တောင်ကိုရီးယားမင်းသမီး Lee Si Young ဟာဆိုရင် သရုပ်ဆောင် ကောင်းမွန်သလောက် လှပပြီးချစ်ဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ သူမက အသက် ၄၀ နှစ်အရွယ်ရှိပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ထားတာဖြစ်ပါတယ်။ Lee Si Young ဟာ အားကစားသမားအဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့သူဖြစ်ပြီး အခုအချိန်အထိ လည်း အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

Instagram

Lee Si Young က တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေ ၊ သားလေးရဲ့ ပုံရိပ်လေးတွေ ၊ မိသားစုနဲ့ ပျော်ရွှင်စွာနေနေတဲ့ ပုံရိပ်လေးတွေ ကို သူမရဲ့ အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမြဲတမ်းတင်ပေးနေကြဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူမ က မိသားစုနဲ့အတူ လှပတဲ့ ဆွိစ်ဇာလန်နိုင်ငံကို ရောက်ရှိနေတဲ့ ပုံရိပ်လေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလာပါတယ်။

Instagram
Instagram
Instagram
Instagram
Instagram

ဓာတ်ပုံလေးတွေထဲမှာ မမ Lee Si Young က ချစ်ဖို့ကောင်းပြီး မိသားစုနဲ့အတူ အရမ်းပျော်ရွှင်နေတာကို အထင်အရှားလေး တွေ့ရပါတယ်။ ဇာတ်လမ်းရိုက်ကူးမှုတွေ အလုပ်ကိစ္စတွေ အားလုံးကနေ ခေတ္တခဏ အနားယူနေပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ တောင်ကိုရီးယား မင်းသမီး Lee Si Young အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။