ရတနာခင်ကတော့ VCD/DVD ခေတ်တွေက နာမည်ကြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော်တစ်ယောက်လည်း ဖြစ်ပါတယ်။ ရတနာခင်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ပေဘဲ သား(၃)ယောက်ကိုပြုစုစောင့်ရှောက်နေခဲ့ပါတယ်။
ဒီနေ့ ဇူလိုင်လ (၄)ရက်နေ့လေးကတော့ ရတနာခင်ရဲ့ သားကြီးလေးဖြစ်တဲ့ ဇွဲဦးထက်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ရတနာခင်ရဲ့ သားကြီးလေးကတော့ ဒီနေ့မွေးနေ့ရက်မြတ်လေးမှာ အသက်(၁၆) နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
ရတနာခင်ကတော့ ဒီနေ့မှာကျရောက်တဲ့ သားဖြစ်သူရဲ့ မွေးနေ့အတွက် “Happy 16th Birthday Zwe Oo Htet. ချစ်သားကြီးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပါစေ၊ မိသားစုအတွက်အားကိုးရတဲ့လိမ္မာတဲ့ သားကြီးဖြစ်ပါစေ။ ” ဆိုပြီးမွေးနေ့ဆုတောင်းပေးထားခဲ့ပါတယ်။
Photo Credit & Source: Yadarnar Khin’s FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။