တောင်ကိုရီးယား ကလေး သရုပ်ဆောင်လေး Park So Eun ဟာဆိုရင် The Classic လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲထဲမှာ မင်းသမီး Son Ye Ji ရဲ့ သမီးအဖြစ် သရုပ်ဆောင်ခဲ့ရတဲ့သူလေးဖြစ်ပါတယ်။ 

Google 
Google

The Classic ဇာတ်လမ်းတွဲဟာဆိုရင် Son Ye Jin ရယ် လို့ လူသိများ အောင်မြင်လာခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးက သားအမိနှစ်ယောက်ကြားက အတိတ်နဲ့ လက်ရှိ အခြေအနေ ကံတူအကျိုးပေး ဘဝအကြောင်း ကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ခံစားချက် ပြည့်ဝလွန်းတာကြောင့် ပရိသတ်တွေရင်နဲ့ အမျှ ခံစားခဲ့ရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။

Google

ဇာတ်လမ်းတွဲထဲမှာ မမ Son Ye Jin ရဲ့ သမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေး သရုပ်ဆောင်လေးကPark So Eun ဖြစ်ပါတယ်။ Son Ye Jin ရဲ့ သမီးနေရာကနေ သရုပ်ဆောင်ခဲ့စဉ်တုန်းက Park So Eun က အသက်၇ နှစ်ပဲ ရှိပါသေးတယ်။ 

Google

The Classic ဇာတ်လမ်းတွဲ အပြီးမှာလည်း ကလေးသရုပ်ဆောင်လေး Park So Eun က အရံသရုပ်ဆောင်အဖြစ်ဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ Park So Eun  က ပညာရေးကြောင့် အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ ရပ်နားခဲ့ပါတယ်။ 

Google

၂၀၁၄ ခုနှစ် အထက်တန်းကျောင်းပြီးသွားတဲ့ အရွယ်မှာတော့ Park So Eun တစ်ယောက် ဇာတ်ကား ၄ ကားနဲ့အတူ အနုပညာလှုပ်ရှားမှုတွေထဲကို ပြန်ရောက်လာခဲ့ပါတယ်။ 

Google

ကံဆိုးစွာနဲ့ပဲ Park So Eun  ဟာ တောင်ကိုရီးယား အနုပညာလှုပ်ရှားမှု နယ်ပယ်မှာ အဓိကဇာတ်ကောင် ဘယ်တော့မှ မဖြစ်ခဲ့ပါဘူး။ အရံ သရုပ်ဆောင်အနေနဲ့သာ ရပ်တည်ခဲ့ရတဲ့ Park So Eun  ဟာ လက်ရှိအချိန်မှာတော့ အသက်၂၆ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Park So Eun  နောက်ဆုံး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ နာမည်က “Kill Heel”ပဲ ဖြစ်ပါတယ်။ 

ပြောင်းလဲမှုတွေ အကြီးကြီးဖြစ်ပြီး ရင့်ကျက်သွားတဲ့ တစ်ချိန်က ကလေး သရုပ်ဆောင်လေး Park So Eun  ဟာလက်ရှိမှာတော့ မမ Son Ye Jin နဲ့ ရွယ်တူလိုတောင် ဖြစ်နေပါပြီ။ ချစ်ဖို့ကောင်းပြီး လှပချောမောလာတဲ့ Park So Eun  ရဲ့ ပုံရိပ်လေးတွေကို ဝေမျှရင်း အခုအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။