တောင်ကိုရီးယားမင်းသမီး Song Hye Kyo ဟာဆိုရင် မန်နေဂျာအဟောင်းဆီကနေ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခြင်း ခံခဲ့ရဖူးတဲ့သူဖြစ်ပါတယ်။  ပြင်းထန်တဲ့ ခြိမ်းခြောက်မှုကြောင့် မိသားစုပါ ထိခိုက်တော့မလို ဖြစ်ခဲ့ရတဲ့ Song Hye Kyo ဟာ ခြိမ်းခြောက်ခဲ့တဲ့ မန်နေဂျာအဟောင်း ကို တရားစွဲဆိုခြင်းတောင် မပြုလုပ်ခဲ့တဲ့ သူဖြစ်ပါတယ်။  

Google

Song Hye Kyo ဟာဆိုရင် ၂၀၀၀ ခုနှစ်တုန်းက ဆောင်းဦးရွက်ကြွေ ချစ်သက်သေ (“Autumn in My Heart”) ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။ အပင်မြင့်လေး လေတိုက်လေ ဆိုသလိုပဲ Song Hye Kyo ဟာလည်း လွယ်လွယ်ကူကူနဲ့ အောင်မြင်မှု ရလာတာမဟုတ်ပါဘူး။ 

Google

၂၀၀၅ ခုနှစ်မှာ Song Hye Kyo က မန်နေဂျာဟောင်းရဲ့ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ် ။ အဆိုပါမန်နေဂျာဟောင်းက Song Hye Kyo ရဲ့ ခန္ဓာကိုယ်ကို အက်ဆစ်နဲ့ ပက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး အနုပညာ အ လုပ်တွေ ဆက်လုပ်လို့ မရတော့တဲ့အထိ လုပ်မယ်လို့ ပြောခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက Lee Byung Hun က Lee Byung Hun နဲ့ ချိန်းတွေ့နေခဲ့တာဖြစ်ပါတယ်။ 

Google

ဒီသတင်းကို တောင်ကိုရီးယားနာမည်ကျော် တီဗီအစီအစဉ်ကနေ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ခြိမ်းခြောက်တဲ့သူက Song Hye Kyo ဆီကို ခြိမ်းခြောက်တဲ့စာတွေ အဆက်မပျက် ပို့ခဲ့ပြီး Song Hye Kyo  ရဲ့ မိခင်ဆီကို အထိ ခြိမ်းခြောက်စာတွေ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ 

Google

ခြိမ်းခြောက်ခဲ့တဲ့ မန်နေဂျာက Song Hye Kyo မိသားစုဆီကနေ ဝမ်းသန်း ၂၅၀ အထိ ပေးဖို့တောင်း ဆိုခဲ့တယ်လို့သိရပါတယ်။ ဝမ်သန်း ၂၅၀ မပေးပါက Song Hye Kyo ကို ပက်ဖို့အတွက် အက်ဆစ် ဂါလန်များစွာစုဆောင်းထားတယ်လို့ စာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

Google

ခြိမ်းခြောက်စာကို ရရှိပြီးနောက်မှာ Song Hye Kyo ရဲ့ မိခင်က အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်ခဲ့တယ်လို့ သိရပါတယ်။ ခြိမ်းခြောက်စာတွေပို့ခဲ့တဲ့သူကို စုံစမ်းကြည့်လိုက်တဲ့အခါမှာ Song Hye Kyo ရဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ဖူးတဲ့ မန်နေဂျာဟောင်း ဖြစ်နေပါတယ်။ ဒီ ဖြစ်ရပ်နဲ့ပတ်သက်ပြီး Song Hye Kyo နဲ့ သူမရဲ့ အမေက အံ့သြတုန်လှုပ်ခဲ့ကြပေမယ့်လည်း တရားစွဲဖို့ မလုပ်ခဲ့ကြဘူးလို့ သိရပါတယ်။ 

Google

ပရိသတ်တွေ တော်တော်များများကလည်း ယုံကြည်ရတဲ့ မန်နေဂျာဆီကနေ သစ္စာဖောက် ခံခဲ့ရတဲ့အတွက် Song Hye Kyo ကို များစွာ သနားဂရုဏာသက်နေကြပါတယ်။ လုံခြုံတဲ့ အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ပြီးတဲ့နောက်မှာSong Hye Kyo က နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “That Winter ၊ The Wind Blow” ၊  “Descendants of the Sun” ၊ “Encounter” ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

Google

အခြေအနေဆိုးကြီးကို ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ မမ Song Hye Kyo  တစ်ယောက် အခုအချိန်မှာတော့ မန်နေဂျာဟောင်းရဲ့ခြိမ်းခြောက်ခံရမှုကနေ လွတ်မြောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။