ရေပျော် ဘဂျိုးမျိုးနွယ်စုများဟာ ဖိလစ်ပိုင်တောင်ပိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့မှာ နေထိုင်ကြပြီး အကြမ်းဖျင်း ခန့်မှန်းချက်များအရ လူဦးရေ တစ်သန်းခန့်ရှိပါတယ်။ သူတို့ဟာ ပင်လယ်အတွင်းမှာ ရေငုပ်ငါးရှာပြီး အသက်မွေးဝမ်းကြောင်းပြုကာ ဘဝကို ရှင်သန်နေထိုင်ကြတဲ သူတွေပဲဖြစ်ပါတယ်။ ငါးရှာဖို့ ရေငုပ်ရင်လည်း ဘာပစ္စည်း ကိရိယာမှမပါဘဲ ရေအောက်အနက် ပေ ၂၀၀ ဝန်းကျင်လောက်အထိ ရေငုပ်နိုင်စွမ်း ရှိကြပါတယ်။

Photo Credit - From google
Photo Credit - From google
Photo Credit - From google

ထူးခြားတာတစ်ခုကတော့ သူတို့တွေရဲ့ ခန္ဓာကိုယ်ထဲက သရက်ရွက်ဟာ သမာန်လူတွေထက် ပိုကြီးသလို အချိန်တော်တော်ကြာကြာ ရေငုတ်နိုင်အောင် အထောက်အပံ့ပေးတဲ့ မျိုးဗီဇပြောင်းလဲမှုတွေလည်း ရှိကြပါတယ်။ ပြီး‌တော့ ဘဂျိုးလူမျိုးတွေက မြို့ပြနှင့်ဝေးရာ အရပ်မှာနေထိုင်ကြတဲ့ သူတွေဖြစ်လို့ သူတို့ရဲ့ နေထိုင်မှုပုံစံ ၊ ဝတ်စားဆင်ယဉ်မှုတွေက ရိုးရှင်းပြီး ကွဲထွက်နေခဲ့ပါတယ်။ အားလုံးက ရိုးသားကြပေမယ့် စာအ‌ရေး ၊ အဖတ်စတဲ့ ပညာရေးအပိုင်းမှာ အားနည်းကြတဲ့ သူတွေပါ၊။ အများစုကတော့ ဆွန်နီမွတ်စလင်ဖြစ်ပြီး သူတို့လူမျိုးတွေဟာ ပရောဖက်မိုဟာမက်ရဲ့ တိုက်ရိုက်ဆင်းသက်လာသူတွေလို့ ယုံကြည်ကြပါတယ်။

Photo Credit - From google
Photo Credit - From google
Photo Credit - From google

အချို့ကတော့ ဘိုးဘွားစဉ်ဆက် နတ်ကိုးကွယ်သူများလည်း ရှိကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဘာဂျိုးမျိုးများဟာ ဖိလစ်ပိုင် ဆာမာ-ဘာဂျာအို ကျွန်းတွေမှာ နေထိုင်ကြပြီး ဒါပေမယ့် မင်ဒါနာအိုမှာ ပဋိပက္ခများဖြစ်လာခဲ့လို့ အိမ်နီးချင်း မလေးရှားနှင့် ဖိလစ်ပိုင် မြောက်ပိုင်း ကျွန်းစုများသို့ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ ၂၀၁၀ ခုနှစ် စာရင်းများအရ ဘဂျိုးလူမျိုးတို့ဟာ မလေးရှားနိုင်ငံ Sabah ပြည်နယ်မှာ ဒုတိယအကြီးဆုံး လူမျိုးစုလို့ သိရပါတယ်။ ဒီဘဂျိုးလူမျိုးက ကျွန်တော်တို့ မြန်မာနိုင်ငံက မြိတ်ကျွန်းစုမှာနေထိုင်ကြတဲ့ ဆလုံလူမျိုးများနှင့် နေထိုင်မှုပုံစံခြင်းက ဆင်တူပါတယ်။ ကလေးကနေ လူကြီးအဆုံး ရေထဲမှာ အိမ်လိုနေထိုင်ကြတဲ့သူတွေဖြစ်လို့ ရေငုပ်တဲ့ နေရာမှာ အထူးကျွမ်းကျင်ကြတာ ဖြစ်ပါတယ်။ 

Photo Credit - From google
Photo Credit - From google

သတင်းအရင်းမြစ်: Source - Wikipedia


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။