တောင်ကိုရီးယားမင်းသား Ahn Jae Wook ဟာဆိုရင် ၂၀၀၀ခုနှစ် အစောပိုင်းတွေတုန်းက မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းလွန်းတာကြာင့် အလွန်အမင်း အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ Ahn Jae Wook ဟာ တောင်ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာအနှံ့အပြားမှာပါ အောင်မြင်မှုတွေ ဆွတ်ခူးရရှိခဲ့ တဲ့သူဖြစ်ပါတယ်။

Google

Ahn Jae Wook ဟာ စီးပွားရေး လုပ်ငန်းရှင်မျိုးရိုးကနေ ဆင်းသတ်လာတဲ့သူ ဖြစ်တာကြောင့် အနုပညာလမ်းကြောင်းပေါ် တက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သူ့ရဲ့ မိသားစုက ငြင်းဆန်တားမြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Ahn Jae Wook က အနုပညာတက္ကသိုလ်ကို ရအောင် တက်ဖို့ရွေးချယ်ခဲ့ပါတယ်။ အနုပညာလောကထဲ စတင်ဝင်ရောက်ရောက်ချင်းမှာ Ahn Jae Wook က အရံသရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရတာကြောင့် လစာ အနည်းငယ်ပဲ ရရှိခဲ့ပါတယ်။ Ahn Jae Wook ဟာ ၁၉၉၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ Star In My Heart ဇာတ်လမ်းတွဲနဲ့ လူသိများ အောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု အမြောက်အမြား ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Google
Google

Star In My Heart ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေ တခဲနက် ရရှိခဲ့တဲ့ Ahn Jae Wook ဟာ နောက်ထပ် ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှာ ထင်ထားသလောက် ရလဒ်ကောင်း မရခဲ့တာကြောင့် ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေမှာ သိပ်ပြီး မပါဝင်ဖြစ်တော့ပါဘူး။

၂၀၀၉ ခုနှစ်မှာ Ahn Jae Wook ဟာ လည်ပင်းနာ ရောဂါခံစားခဲ့ရပြီး ဆေးရုံသွားပြခဲ့ရပါတယ်။ Ahn Jae Wook ရဲ့ ဖြစ်ရပ်ဆိုးတွေဟာ အသက် ၃၉ နှစ်အရွယ်မှာ စတင်လာခဲ့ပါတယ်။ ဆေးစစ်ချက်အဖြေအရ Ahn Jae Wook ဆီမှာ လည်ပင်း အကျိတ်ရောဂါ ရှိနေတယ်ဆိုတဲ့ ရလဒ် ထွက်လာခဲ့ပါတယ်။  ၄ နှစ်ကြာပြီးနောက်မှာ Ahn Jae Wook တစ်ယောက် ရောဂါကို ကုသနိုင်ခဲ့ပေမယ့် ပန်းနာရင်ကျပ်ရောဂါကို ခံစား ခဲ့တယ်လို့ သိရပါတယ်။ ဆရာဝန်က Ahn Jae Wook ကို လုပ်နေတဲ့ အလုပ်တွေ အားလုံးကနေ အနားယူပြီး ဆေးကုသဖို့ကိုသာ အာရုံစိုက်ဖို့အတွက် အကြံပေးခဲ့တယ်လို့ သိရပါတယ်။ Ahn Jae Wook ဟာ ခွဲစိတ်မှုတွေကို အကြိမ်အရေအတွက် အများကြီး လုပ်ဆောင်ခဲ့တဲ့အပြင် ဝေဒနာရဲ့ နှိပ်စက်မှုကြောင့် ကိုယ့်ကိုယ်ကိုတောင် သေကြောင်းကြံစည်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Google

ကျန်းမာရေး ချူချာမှုကြောင့် Ahn Jae Wook ဟာ အောင်မြင်မှုတွေ ကို ဆက်လက်ပြီး မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ၂၀၁၉ ခုနှစ်မှာတော့ Ahn Jae Wook ဟာ အရက်သောက်ပြီး ကားမောင်းတဲ့ အမှုနဲ့ တရားရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒီလိုနဲ့ Ahn Jae Wook ရဲ့ ပုံရိပ်ဟာ တဖြည်းဖြည်း ကျဆင်းခဲ့ရပါတယ်။

Google

၂၀၂၁ ခုနှစ်မှာတော့ အသက် ၅၀ အရွယ်ရှိတဲ့ Ahn Jae Wook ဟာ “Mouse”  ဇာတ်လမ်းတွဲရဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ အနုပညာ လောကထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အခု ၂၀၂၂ ခုနှစ်မှာတော့ Ahn Jae Wook တစ်ယောက်  “The Empire of Law” နဲ့  “The Driver” ဇာတ်လမ်းတွဲတွေမှာ ပါဝင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အသက် ၅၀ ကျော်နေပြီဖြစ်တာကြောင့် အရမ်းကြီးတော့ မလွယ်တော့ပေမယ့် Ahn Jae Wook တစ်ယောက် အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီမှာ ပြန်ပြီး တောက်ပလာတဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာစေဖို့ ဆုတောင်းပေးရင်း အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။