သရုပ်ဆောင် Jang Nara ဟာဆိုရင် မကြာသေးမီကမှ သူမထက် အသက် ၆ နှစ်ငယ်တဲ့ ချစ်သူ ကောင်လေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Jang Nara နဲ့ သူမရဲ့ချစ်သူကောင်လေးတို့ဟာ ချိန်းတွေ့ပြီး ၂ နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်လောက ကမဟုတ်တာကြောင့် မမ Jang Nara က သူမအမျိုးသားရဲ့ ပုံစံကို လျို့ဝှက်ချက်အနေနဲ့ ထားရှိထားပါတယ်။ မင်္ဂလာပွဲမှာလည်း ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်ကို မဖော်ပြဖို့အတွက် သတင်းဌာနတွေကို တောင်းဆိုထားပါတယ်။

Google
Google
Google

ဇူလိုင်လ ၂ ရက်နေ့မှာတော့ ကံကောင်းတဲ့ ပရိသတ်လေးတစ်ယောက်က Jang Nara နဲ့ သူမ ခင်ပွန်းဖြစ်သူတို့ ဟန်းနီးမွန်း ထွက်နေတဲ့ ပုံရိပ်လေးကို ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒီဓာတ်ပုံလေးက မင်္ဂလာပွဲ ပြီးနောက်မှာ ပထမဦးဆုံး အနေနဲ့ Jang Nara ကို ပရိသတ်တွေ စတင်တွေ့ရှိလာခဲ့တဲ့ ပုံလေး ဖြစ်ပါတယ်။ ဓာတ်ပုံလေးထဲမှာတွေ့ရတဲ့ Jang Nara တို့ ဇနီးမောင်နှံက အပြာရောင် အင်္ကျီ ဆင်တူလေးဝတ်ထားပြီး အရမ်းကို ချစ်ဖို့ကောင်းနေကြပါတယ်။

Photo Credit 
Google

မင်္ဂလာ စုံတွဲလေး နှစ်ယောက်က အသက်ကွာကြပေမယ့် အရမ်းကို လိုက်ဖက်မှုရှိနေပြီး ချစ်ဖို့ကောင်းလွန်းနေပါတယ်။ Jang Nara ရဲ့ ခင်ပွန်းဖြစ်သူ မျက်နှာကိုလည်း မမြင်တွေ့ရဘဲ ကျောကုန်းကိုသာတွေ့ရပေမယ့် ပိန်သွယ်ပါးလွှာပြီး ရှည်လျားတဲ့ အရပ်ကြောင့် လူချောလေးလို့ ပြောနေကြပါတယ်။ မမ  Jang Nara ရဲ့ အရမ်းကို လိုက်ဖက်နေတဲ့ သတို့သားလေးရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။